+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 10, 2010

“ သူငယ်ချင်းသို့”


Wednesday, October 27, 2010

“ သူငယ်ချင်းသို့”

အရှင်ကောသလ္လ(မစိုးရိမ်)

သူငယ်ချင်း
မင်း သူ့ကိုကြည့်
သူ့ရဲ့ဆန္ဒ
မပြည့်ဝလို့
တစ်ဖက်သားလူ
သူ့ ရန်သူတဲ့ သူငယ်ချင်း။

သူငယ်ချင်း
မင်း သူ့ကိုကြည့်
သူ့ရဲ့ဆန္ဒ
မပြည့်ဝလို့
တစ်ဖက်သားလူ
သူ့ ရန်သူလို့
ပြောဆိုနေသူ
ထိုသည့်လူ၏
ပြောဆိုစကား
ခပ်ခါးခါးဟာ
ဆေးဘက်ဝင်မလား သူငယ်ချင်း။

သူငယ်ချင်း
မင်း သူ့ကိုကြည့်
ကောင်းကွက် ဆိုးကွက်
ဒီ နှစ်ချက်ကို
ကောင်းကွက်ကိုရှောင်
ဆိုးကွက်ဆောင်ပြီး
လိုက်လံကြည့်ရှု့
သတိပြုသည့်
ထိုသူ့မျက်စိ
ပကတိသည်
အမှောင်ကိုခွင်း
အမှန်လင်းဖို့
ဖြစ်ပါ့မလား သူငယ်ချင်း။

သူငယ်ချင်း
မင်း သူ့ကိုကြည့်
ငါနှင့်ငါသာ
ငါ့ ဥစ္စာဟု
ငါ တကောကော
ငါ သာချောဟု
ငါပြော ငါကျယ်
ငါတတ်တယ်ဟု
ပြောဆိုစကား
ခပ်ကြွားကြွားဟာ
အများချစ်ပါ့မလား သူငယ်ချင်း။

အရှင်ကောသလ္လ(မစိုးရိမ်)

0 comments:

Post a Comment