+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, December 18, 2010

အစိုးရ အင်တာနက်စာမျက်နှာ ထိုးဖောက်တိုက်ခိုက်ခံရ

ရန်ကုန် အင်တာနက်ဆိုင်တချို့ အပိတ်ခံရ

2010-12-18

အင်တာနက်ဆိုင်တွေကနေ မြန်မာစစ် အစိုးရပိုင် MPT အင်တာနက်ဆာဗာကို တိုက်ခိုက်နေတယ်ဆိုပြီး ရန်ကုန်မြို့က အင်တာနက်ကဖေး တချို့ကို အာဏာ ပိုင်တွေက ယာယီ ပိတ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ လပြည့်ဝန်း ပလာဇာမှာ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး အင်တာနက်ကဖေးဆိုင် တခုကိုလည်း အင်တာနက်လိုင်း ချပေးထားတဲ့ Red Link ကုမ္ပဏီကနေ လိုင်းပိတ်ခဲ့သလို ဆိုင်ရှင်ကို ကြာသပတေးနေ့က အထူးရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့တယ်လို့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။

ဒီ အင်တာနက်ဆိုင်တွေမှာ အင်တာနက် အသုံးပြုသူတွေဟာ အစိုးရ အင်တာနက် စာမျက်နှာတွေကို ထိုးဖောက် တိုက်ခိုက်နေတဲအတွက် ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ ငြိစွန်းနေလို့ ယာယီ ပိတ်လိုက်ကြောင်း မြန်မာ ဆက်သွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

0 comments:

Post a Comment