+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 15, 2010

ထုံထိုင်းသူ မြန်မာစစ်အစိုးရများ

မြန်မာစစ်အစိုးရကို ထုံထိုင်းသူများအဖြစ် စင်ကာပုဝါရင့်ဝန်ကြီးရှုမြင်
2010-12-15

မြန်မာစစ်ခေါင်းဆောင်တွေဟာ တိုင်းပြည် သဘာဝ သယံဇာတတွေကို အလွဲသုံး စီမံခန့်ခွဲနေတဲ့ ခပ်ထိုင်းထိုင်း ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်းနဲ့ ဝါရင့်ဝန်ကြီးဖြစ်သူ လီကွမ်ယူး Lee Kuan Yew က သုံးသပ်ပြောဆိုခဲ့တယ်လို့ မကြာခင်က Wikileaks အင်တာနက်ကတဆင့် ပေါက်ကြားခဲ့တဲ့ အမေရိကန်သံရုံး သတင်းပေးပို့ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ်က စင်ကာပူ ဝါရင့်ဝန်ကြီး လီကွမ်းယူနဲ့ အမေရိကန် အစိုးရ အရာရှိတွေ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါများတဲ့အတွက် ဘယ်လို စီးပွားရေး ပိတ်ဆို့ အရေးယူမှုကိုမဆို ကြံ့ကြံ့ခံနိုင်ကြောင်း အဲဒီအချိန်က မြန်မာသံအမတ်ကြီးက ပြောခဲ့ကြောင်း မစ္စတာလီကွမ်ယူးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ စစ်ခေါင်းဆောင်တွေဟာ ခပ်ထိုင်းထိုင်း၊ ထုံပေပေ လူစားမျိုးတွေ ဖြစ်ကြောင်း၊ အတိုက်အခံ ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေနဲ့ ရှေ့ထွက်လက်တွဲ အလုပ်လုပ်နိုင်မဲ့ လူငယ်မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်တွေ ပေါ်ထွက်လာမှသာ မြန်မာ့အရေး တိုးတက် ပြောင်းလဲ လာနိုင်ကြောင်း

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် ကတည်းက လက်လျှော့ထားပြီး ဖြစ်ကြောင်း၊ မြန်မာ စစ်ခေါင်းဆောင်တွေဟာ ခပ်ထိုင်းထိုင်း၊ ထုံပေပေ လူစားမျိုးတွေ ဖြစ်ကြောင်း၊ အတိုက်အခံ ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေနဲ့ ရှေ့ထွက်လက်တွဲ အလုပ်လုပ်နိုင်မဲ့ လူငယ်မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်တွေ ပေါ်ထွက်လာမှသာ မြန်မာ့အရေး တိုးတက် ပြောင်းလဲ လာနိုင်ကြောင်း ပြောကြားခဲ့တယ်လို့လည်း Wikileaks က စင်ကာပူ အမေရိကန်သံရုံး အစီရင်ခံစာကို ကိုးကားပြီး ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ ဗြိတိန်ထုတ် the Guardian သတင်းစာက ရေးပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်ခန့်ဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ကိုရွေးပါဆိုရင် လက်ရှိ အင်ဒိုနီးရှားသမတ ဆူဆီလို ဘန်ဘန်း ယိုဒိုယိုနိုဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

အသက် ၈၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မစ္စတာ လီကွမ်းယူဟာ လက်ရှိ စင်ကာပုအစိုးရအတွင်း ဝါရင့်ဝန်ကြီးအဖြစ် နိုင်ငံ့ဦးသျှောင် အကြံပေးအဖြစ် ဆက်လက် ရှိနေပြီး လက်ရှိ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserve


Source Audio from http://www.bbc.co.uk/burmese

0 comments:

Post a Comment