လွန်ခဲ့သောနှစ်ပေါင်း ၁၃၀၀၀ ခန့်ကဟု ယူဆရသော ကျောက်ခေတ် အသုံးဆောင်များကို မြိတ်ခရိုင် တနင်္သာရီမြို့နယ် အတွင်းရှိ တကူကျေးရွာတွင် ရွာသားများက တွေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။
အဆိုပါ ကျောက်ခေတ်အသုံး ဆောင်များကို လွန်ခဲ့သော နှစ်နှစ်မှ တွေ့ရှိကာ တကူကျေးရွာရှိ တကူ ကြီးကျောင်းတိုက် ဘုန်းကြီးကျောင်း တွင်ထိန်းသိမ်းစောက်ရှောက်ပေးထား ကြောင်းသိရသည်။ ကျောက်ခေတ် အသုံးဆောင်များကို ပညာရှင်များက လွန်ခဲ့သောနှစ်ပေါင်း ၁၃၀၀၀ ခန့်က ဟု ခန့်မှန်းထားပြီး ကျောက်ခေတ် နှောင်းမိသားစု နေထိုင်မှုခေတ်မှ ဖြစ်နိုင်သည်ဟု သုံးသပ်ထားကြောင်း သိရသည်။
"တွေ့ရှိတာက တကူသံတိုက်ရွာမှာ တိုက်နယ်ဆရာဝန်အတွက် နေအိမ်လေးတစ်ခု ဆောက်လုပ်ဖို့ ရွာသားတွေက မြေယာပြုပြင်ဖို့ ၀ိုင်း ၀န်းလုပ်ဆောင်ပေးရာကနေ ထွက် ပေါ်လာတာ ဖြစ်ပါတယ်။ ၂၀၀၈ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတွေ့ရှိပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှာ မှတ်တမ်းတင် ထားပါတယ်။ အဲဒီမှာတွေ့ရှိတဲ့ အသုံးဆောင်တွေ ကတော့ အားလုံးလေးခုဖြစ်တယ်။ ရွာသားတွေက ရေရှည်ထိန်းသိမ်း စောင့်ရှောက်ထားနိုင်ဖို့ ဘုန်းကြီး ကျောင်းမှာသွားရောက် အပ်နှံပေးထားတယ်။ သမိုင်းပညာရှင်တွေကတော့ ဒါကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀၀ ခန့်ကလို့ ခန့်မှန်းထားကြတယ်"ဟု တနင်္သာရီမြို့နယ်မှ သမိုင်းသုတေသီဦးစီုးရီမှ ပြောကြားခဲ့သည်။
တနင်္သာရီမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှာ သမိုင်းနှင့် ပတ်သက်၍ အထောက်ထားများကို မကြာခဏဆိုသလို တွေ့ရှိနေပြီး ရှေးဟောင်းအသုံးအဆောင်များနှင့် အဆောက်အအုံများလည်း တည်ရှိနေကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကလည်း ကျောက်ခေတ် အသုံးဆောင်များကို တွေ့ရှိဖူးကြောင်း၊ ထိန်းသိမ်းနိုင်မှုအနေထား အားနည်းမှုများကြောင့် မကျန်ရှိတော့ကြောင်း သိရသည်။ ယခုထိန်းသိမ်းထားသော ကျောက် ခေတ်အသုံးဆောင်များမှာ ကျောက်ခေတ်နှောင်း မိသားစုနေထိုင်မှု ခေတ်မှဖြစ်နိုင်ပြီး သစ်စေ့ကြိတ်သည့်အသုံးဆောင်များ၊ ကျောက်ဓားများနှင့်ကျောက်ဆုံဟု ယူဆရသော အသုံးဆောင်များဖြစ်ကြောင်း သိရသည်။
အဆိုပါ အသုံးအဆောင်များမှာ အကြီးဆုံး ၁၈ လက်မ၊ ၁၆ လက်မ၊ ၁၄ လက်မ၊ ၁၂ လက်မ စသော အရွယ်စားများ ဖြစ်ကြောင်း သိရသည်။
Comments
#1 lovely2010 2010-12-05 08:05
ရေရှည်တည်တံ့အော င် ပြတိုက်ကို သွားအပ်လိုက်တာ ပိုကောင်းပါတယ်။ ပြီးတော့ အများပြည်သူလည်း ကြည့်ရှု့ ခွင့်ရသွားတာပေါ့ ။
+8 #2 BuBuZilar 2010-12-05 09:53
ပြည်သူတွေကြည့်ရ အောင်စီစဉ်ပေးလျှင် ကောင်းပါတယ်။ ထားဝယ်မှာ ထားဝယ်ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်တခုရှိ ပါတယ်။ ကျွန်တော့ တစ်သက် တစ်ခါဘဲကြည့်ဖူး ပါတယ်။ ပြတိုက်က တစ်ရက်မှာ၂၄ နာရီပိတ် ပါတယ်။ အဲလိုမျိုးတော့ မဖြစ်ပါစေနဲ့ ပေါ့ဗျာ။
|
Sunday, December 5, 2010
လွန်ခဲ့သောနှစ်ပေါင်း ၁၃၀၀၀ ခန့်က ကျောက်ခေတ်အသုံးဆောင်များ တကူကျေးရွာသားများ ထိန်းသိမ်းစောင့်ရှောက်ထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment