+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, December 12, 2010

ကရင်ငြိမ်းချမ်းရေးတပ်သား ၆ ဦးအမှု တရားဥပဒေအရ တိုင်ကြားဖို့ပြင်






ကရင်ငြိမ်းချမ်းရေးတပ်သား ၆ ဦးအမှု တရားဥပဒေအရ တိုင်ကြားဖို့ပြင်


2010-12-12

ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြတဲ့ သက်ဆိုင်ရာ တိုင်းမှူး၊ တပ်မမှူးတွေကို အရေးယူပေးပို့နဲ့  ကျန်ရစ်သူမိသားစုကို လျော်ကြေးပေးဖို့ ကရင် ငြိမ်းချမ်းရေးကောင်စီက လာမယ့် သီတင်းပတ်အတွင်း စာရေး တောင်းဆိုမယ်လို့ ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီက RFA ကို ဒီကနေ့ ပြောပါတယ်။


“အရင် တိုင်းမှူးဟောင်း သက်နိုင်ဝင်းဆီ ကျနော်တို့ စာတင်တယ်လေ။ မဆီမဆိုင်တဲ့ အဖွဲ့ဝင်တွေကို သူတို့ ရက်ရက်စက်စက် သတ်တာ။ အဲဒါ ဒီ တိုင်းမှူးနဲ့ လုပ်တဲ့သူတွေကို အရေးယူပေးဖို့။ ကျနော် စာရင်းရလာတယ်ဗျ။ အခု အသစ်ရောက်လာတဲ့ တိုင်းမှူးမှာ တာဝန်ရှိတယ်။ နောက် တပ်မ (၄၄)၊ ခမရ (၆၁) ခြေမြန်တပ်ရင်း၊ တပ်ရင်း (၂၃၀) အဲဒီ တိုက်ရိုက် ဝင်ပြီး ဟိုဟာပေးတဲ့လူက၊ တပ်ရင်းမှူး နာမည် ဗိုလ်မှူးကြီး သန့်ဇင်။ အဲဒီလူတွေမှာ တာဝန်ရှိတယ်။ အဲဒီလူတွေကို အရေးယူပေးဖို့ အရင် တိုင်းမှူးဟောင်း သက်နိုင်ဝင်းဆီ တင်မယ်”

တကယ်လို့ တလအတွင်း ဗိုလ်ချုပ်သက်နိုင်ဝင်းက အရေးယူ ဆောင်ရွက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိ တောင်းဆိုသွားမယ်လို့လည်း ဗိုလ်မှူးချုပ် စောတင်မိုသ်ီက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး စောထိန်မောင် ဦးဆောင်တဲ့ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီက တပ်ဖွဲ့ဝင် ၆ ဦးကို စစ်အစိုးရတပ်တွေက ပြီးခဲ့တဲ့ လကုန်ပိုင်းအတွင်း ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း ဖမ်းဆီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၆ ဦး အခုလို ဖမ်းဆီး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် စောတင်မိုသီကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။




Copyright © 1998-2010 Radio Free Asia. All rights reserved.

0 comments:

Post a Comment