နှစ်ပေါင်း ၄၀၀ နီးပါးအတွင်း ယာဉ်စွန်းချိန်နှင့် လအပြည့်ကြတ်ချိန် တစ်နေ့တည်း တိုက်ဆိုင်မှု ပထမဆုံးအကြိမ် ဖြစ်ပေါ်မှုကို မြောက်အမေရိကနှင့် ဥရောပနိုင်ငံများက ဒီဇင်ဘာလ ၂ ရက်နေ့ အစောပိုင်းတွင် တွေ့မြင်ခဲ့သည်ဟု သိရသည်။
မြောက်ကမ္ဘာခြမ်း၏ ဆောင်းရာသီအလယ် ယာဉ်စွန်းချိန်နှင့် တိုက်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ အရိပ်လွှမ်းခဲ့သော်လည်း လအပြည့် ကြတ်ချိန်တွင်ပင် လကို လုံးဝမမြင်ရသည့် အခြေအနေ ရောက်မသွားခဲ့ဘဲ ကမ္ဘာမြေ လေထု၏
အလင်းပြန်မှုဖြင့် ကြွင်း ကျန်ရစ်သော အလင်းရောင်ကို မြင်ခဲ့ရသည်။
ယာဉ်စွန်းချိန်ဆိုသည်မှာ တစ်နှစ်လျှင် နှစ်ကြိမ် ဖြစ်လေ့ရှိပြီး နေသည် နေ့လယ်အချိန်တွင် ကောင်းကင်၏အမြင့်ဆုံး(သို့မဟုတ်)အနိမ့်ဆုံး အမှတ်၌ တည်ရှိခြင်း ဖြစ်ပြီး တစ်နှစ်တာအတွင်း အရှည်ဆုံးနေ့(သို့မဟုတ်)အတိုဆုံးနေ့ကို ဖြစ်ပေါ်စေသည်။ အလင်းကွေးညွှတ်မှုသည် အလင်းရောင်စဉ်တို့တွင် အနီရောင်ဘက်မှ ဖြစ်ခဲ့သောကြောင့် ကမ္ဘာမှ လကို မြင်တွေ့ရပုံမှာ အနီရောင်၊ ကြေးနီရောင်၊ လိမ္မော်ရောင်၊ အချို့ နေရာများတွင် အညိုရောင် မြင်တွေ့ခဲ့သည်။
နာဆာမှ နေကြတ်၊ လကြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ ဖရက်အက်စ်ပီနက်ခ်က ယခုဖြစ်စဉ်ကို မြောက်အမေရိကတိုက် တစ်ခုလုံး၊ ဂရင်းလန်ကျွန်းနှင့် အိုက်စလန်၊ အနောက်ဥရောပတို့မှ လမကွယ်မီ အစောပိုင်း အခြေအနေကို မြင်တွေ့ခဲ့ရပြီး အနောက်အာရှမှ လထွက်ပြီး နှောင်းပိုင်း အခြေအနေကို မြင်တွေ့ရမည်ဟု ခန့်မှန်းခဲ့သည်။
လကြတ်ချိန်သည် သုံးနာရီမှ သုံးနာရီခွဲအထိ ကြာမြင့်ခဲ့ပြီး အပြည့် ကြတ်ချိန်မှာ တစ်နာရီကျော် ကြာခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လအပြည့်ကြတ်မှု နောက်ဆုံး ဖြစ်ပေါ်ခဲ့သည်။
http://www.news-eleven.com
0 comments:
Post a Comment