+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, December 19, 2010

မာန်နဲ့မာန်တို့ကြားက မြေစာ

Source Photo from http://www.google.com/images
မာန်နဲ့မာန်တို့ကြားက မြေစာ

မာန်ပြိုင်သူတို့ရဲ့အလဲထိုးစီးချင်းပွဲမှာ
ကြားအညှပ်ခံရတဲ့ကျုပ်ကို
ပုဒ်မ အစုံတပ်ပြီးစီရင်ချက်ချဘို့
လက်မရွံ့ တယူသန်သမားတွေက
အကွက်လှလှဆင်ပြီးအသုံးချနေတာ
သူတို့ရည်မှန်းတဲ့အောင်ပွဲတစ်ခုဆီကိုပေါ့။

စွတ်စွဲခြင်းရဲ့ နှိမ့်ချခြင်းအောက်မှာ
မတွန်းလှန်ဒါဏ်မပြန်ချင်
ရှင်းချက်ပေးလို့ထုချေလွှာတင်လည်း
သူတို့တစ်သိုက်က လက္ခံမှာတဲ့လား?

ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းအဖြေလို့
မှတ်ယူကာကျေနပ်ပီတိဖြစ်နေသူလည်းရှိမှာဘဲလေ
ကျုပ်ကလွဲပြီးဒီအမှန်တရားကို
ဘယ်သူပိုသိမှာလဲ?

အပြုသဘောဆောင်ခြင်းနဲ့
အပျက်သဘောဆောင်နေခြင်းကို
ခွဲခြားမသိနိုင်တဲ့လူတသိုက်အတွက်
စည်းလုံးရေးလား?
စည်းပြားရေးလား?........ဆိုတာ
သိကြရဲ့လား?.......ဆိုတာနားလည်မှာထက်
ဦးချိုထက်လား?
အစွယ်ထက်လား?......ဆိုတာဘဲသိကြမှာပေါ့။

ကုဗစင်တီမီတာတစ်ထောင့်ငါးရာမပြည့်တဲ့
ဦးနှောက်တွေနဲ့
အမျိုးသားရေးဟစ်ကြွေးရဲတဲ့
မာန်ကြွတဲ့သူတို့ရေ...........။

အုတ်တစ်ချပ်တည်းနဲ့ဘုရားတည်ဘို့
စိတ်ကူးတွေရူးသွပ်လွဲမှားနေတာလား?
ပညာရှိသတိဖြစ်ခဲနေတာလား?
နိုင်လိုချင်လို့ အတင်းဗုံးတွေကျဲနေတာလား?

ပုဂ္ဂိုလ်ရေးအဆင်မပြေသူတွေရဲ့သတင်းအချက်အလက်တွေနဲ့
လူတောင်မသိတဲ့ကျုပ်ကို ရန်ငြိုးဖွဲ့ပြီး
ထင်ရာစိုင်းတတ်တဲ့ခင်ဗျားတို့ရဲ့ အမူအကျင့်တွေက
ကျုပ်တို့ကရင်ကိုဦးဆောင်မဲ့မျိုးချစ်တွေလား?
ဦးရှောင်မဲ့မျိုးညစ်တွေလားဆိုတာ
နားလည်နိုင်သွားတဲ့တစ်နေ့..........။

ကျုပ်ကို
ခင်ဗျားတို့လှေနံဓါးထစ်စွတ်စွဲခဲ့တာတွေ
လူမှားနေပြီဆိုတာ
ကျုပ်ရှင်းစရာမလိုတော့ဘူးပေါ့။

Source Poem from http://karenwantpeace.blogspot.com/2010/12/blog-post_19.html

0 comments:

Post a Comment