+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, December 16, 2010

ကနေဒါ လေယာဉ်ကုမ္ပဏီ အမှုကြားနာ

Charter a De Havilland DHC-6 Twin Otter
Source Photo from http://www.google.com/images

မြန်မာနိုင်ငံကို တရားမဝင် ပစ္စည်းတင်သွင်းသည့် ကနေဒါ လေယာဉ်ကုမ္ပဏီ အမှုကြားနာ

2010-12-15

စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံကို Kenn Borek Air Ltd လို့ ခေါ်တဲ့ ကနေဒါနိုင်ငံအခြေစိုက် လေယာဉ်ကုမ္ပဏီက ၂၀၀၇ နိုဝင်ဘာလမှာ လေယာဉ် အစိတ်အပိုင်းတွေ ရောင်းချခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာ ၁၄ ရက် မနေ့က ကနေဒါ တရားရုံးတခုမှာ စတင် ကြားနာစစ်ဆေးခဲ့ပါတယ်။

DHC-6 အမျိုးအစား တွင်အော်တာလေယာဉ်နဲ့ အခြား လေယာဉ် အစိတ်အပိုင်း ၁၄၉ ခု ရောင်းချခဲ့တဲ့ အထောက်အထားတွေကို နှစ်နှစ်ကျော်ကြာအောင် စုံစမ်း ထောက်လှမ်းခဲ့ရတယ်လို့ ကနေဒါသွင်းကုန် ထုတ်ကုန် ကြီးကြပ်ရေးအေဂျင်စီ (CBSA) ရဲ့ပြောခွင့်ရသူ Sean Best က ပြောပါတယ်။

ကျနော်တို့ ဒီအမှုကို ဖိအားပေး ဆောင်ရွက်နေတာပါ။ အခုတော့ တရားရုံးတင်နိုင်ပါပြီ၊ ဒီကနေ့ အမှုကို စတင် ကြားနာစစ်ဆေးနေပါပြီ။ အသေးစိတ် အချက်အလက်တွေကိုတော့ တရားရုံးက မစီရင်၊ မဆုံးဖြတ်ရသေးခင် ထုတ်ပြောလို့ မရသေးပါဘူးလို့ သူက ပြောသွားပါတယ်။

လေယာဉ်ပစ္စည်းတွေ တင်ပို့ ရောင်းချမှုမှာ အဓိကတာဝန်ရှိတဲ့ ကုမ္ပဏီ မန်နေဂျာဟောင်းကိုလည်း တရားစွဲဆို ထားပါတယ်။ အမှုထင်ရှားရင် အကောက်ခွန် ဥပဒေအရ ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ငါးသိန်း သို့မဟုတ် ထောင်ဒဏ်ငါးနှစ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံနိုင်ဖွယ်ရှိတဲ့အပြင် ကုန်ပစ္စည်းတင်ပို့မှု ဆိုင်ရာ ဥပဒေအရဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။



Copyright © 1998-2010 Radio Free Asia. All rights reserved.

0 comments:

Post a Comment