+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 10, 2010

ဂမ်ဘာရီကို ဖယ်ရှားဖို့ အမေရိကန်လုပ်ဆောင်ခဲ့


ဂမ်ဘာရီကို ဖယ်ရှားဖို့ အမေရိကန်လုပ်ဆောင်ခဲ့

သောကြာ, 10 ဒီဇင်ဘာ 2010

WikiLeaks ၀က်ဘ်ဆိုက်ဒ်က ဖွင့်ချခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ မှတ်တမ်းတခုအရ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းကို အမေရိကန် ပြည်ထောင်စုက ရာထူးကနေ ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားတဲ့ Ibrahim Gambari ကို ရာထူးက ဖယ်ရှားဖို့ အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ကို အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Condoleeza Rice က ပြောဆိုခဲ့ကြောင်း ၂၀၀၈ ခုနှစ်တုန်းက လျို့ဝှက်မှတ်တမ်းက ဖော်ပြခဲ့တာပါ။

အစိုးရနဲ့ အတိုက်အခံတို့ကြား အထူးသဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စတွေလို အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ အထူးကိုယ်စားလှယ်ဟာ တိုးတက်အောင် မဆောင်ရွက်နိုင်ဘူးဆိုပြီး မှတ်တမ်းထဲမှာ ဖော်ပြခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟောင်း ဂမ်ဘာရီ ကို ဗွီအိုအေက ဆက်သွယ်မေးမြန်း ရာမှာတော့ ဒီမှတ်တမ်းနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်မပေးခဲ့ပေမဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းရဲ့ ပြောဆိုချက်အပြီး ၁ နှစ်ခွဲလောက် အကြာအထိ သူရာထူးမှာ ဆက်လက်တာဝန်ယူခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ၈ ကြိမ် တွေ့ဆုံခဲ့ဖူးသလို စစ်အစိုးရ အာဏာပိုင်တွေနဲ့လည်း ၁၀ ကြိမ်တွေ့ခဲ့တယ်လို့လည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်ယူထားရာကနေ ဆူဒန်နိုင်ငံ ဒါဖောဒေသအတွက် ကုလသမဂ္ဂနဲ့ အာဖရိကယူနီယံတို့ရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းစဉ်မှာ တာဝန်ယူဖို့အတွက်ကိုတော့ လွန်ခဲ့တဲ့ တနှစ်လောက်ကပဲ သူ့ကို ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပါတယ်။




Find this article at: www.voanews.com/burmese

0 comments:

Post a Comment