+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 15, 2010

ဒီဇင်ဘာလ၁၃ရက်နေ့ တစ်ရက်ထဲ ရန်ကုန်မြို့မီး၎ကြိမ်လောင်

ယခုနှစ်အတွင်း တစ်ရက်ထဲ၌ အများဆုံးမီးလောင်မှုစံချိန်တင်အဖြစ် ဒီဇင်ဘာလ၁၃ရက်နေ့တွင် ရန်ကုန်မြို့အတွင်း မီးလောင်မှု ၄ကြိမ်နှင့်မီးလန့်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ပထမဆုံးမီးလောင်မှုမှာ နေ့လယ် ၂နာရီ ၅မိနစ်တွင် အင်းစိန်မြို့နယ်၊ မြို့သစ်(ကမ)ရပ်ကွက်၊ ၆လမ်းရှိ အမှတ်(...)နှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ဖြစ်သည်။
ထိုနောက် ၃နာရီ ၅မိနစ်ဝန်းကျင်တွင် ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်ရပ်ကွက်၊ အနောက်ရွှေဂုံတိုင် ၁ လမ်းရှိ အမှတ်(...)နေအိမ်တွင် ဓာတ်ဆီဖလှယ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုပြင် ဒဂုံမြို့နယ်၊၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ အမှတ်(....) အလုပ်ရုံတွင် ပရိဘောဂပစ္စည်းများ အောင်းပူဖြစ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကာ ည ၇နာရီ ၂၅ မိနစ်တွင် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ အမှတ်(...)နေအိမ် အဲယားကွန်း Safeguard အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုများ အသီးသီးဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
ထို့ပြင် သံဈေး၌ မီးလန့်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုနှင့် မီးလန့်မှုဖြစ်စဉ်များကြောင့် လူသေဆုံးမှုမရှိခဲ့ကြောင်း သိရှိရသည်။
Source from http://www.news-eleven.com

0 comments:

Post a Comment