+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 15, 2010

ကျန်းမာရေး

ဒီနှစ်ကမ္ဘာ အေ့စ်ရောဂါရဲ့  ဆောင်ပုဒ် ဘာကိုဆိုလိုပါသလဲ

By ကိုဝင်းမင်းဗုဒ္ဓဟူး, 08 ဒီဇင်ဘာ 2010

ပြီးခဲ့တဲ့အပတ်မှာ ကျရောက်ခဲ့တဲ့ AIDS ရောဂါ နေထူးနေ့မြတ်ရဲ့  ဆောင်ပုဒ်ဖြစ်တဲ့ AIDS ရောဂါရှိသူတွေရဲ့  ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေး မရသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ AIDS အဖွဲ့ရဲ့  မကြာသေးခင်က ထွက်ခဲ့တဲ့ အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲနိုင်ငံထဲက တနိုင်ငံပဲ ဒီဆောင်ပုဒ်ကို ၈၀% ဖြည့်ဆည်းနိုင်ပါသေးတယ်။ အဲဒီအထဲက ကမ္ဘာဒီးယားနိုင်ငံနဲ့ အာဖရိကနိုင်ငံအများစုပါပေမယ့် မြန်မာနိုင်ငံ မပါနိုင်သေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဒီဆောင်ပုဒ်ကို ဖြည့်ဆည်းနိုင်ဖို့ အရေးကြီး လိုအပ်တာတွေကို သိရဖို့ HIV/AIDS ပညာပေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ဒေါက်တာမြတ်ထူးရာဇတ် ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/health/health_12-08-10-111559264.html


HIV ပိုး ကူးနိုင်တဲ့နည်းနဲ့ မကူနိုင်တဲ့ နည်းများ

By ကိုဝင်းမင်းဗုဒ္ဓဟူး, 15 ဒီဇင်ဘာ 2010

HIV ပိုးဟာ သွေး၊ သုတ်ရည်၊ မိန်းမနဲ့ ယောက်ျား အရည်ကြည်နဲ့ မိခင်နို့ရည်တွေက ကူးပြီး လေ၊ ရေ၊ အစားအသောက်နဲ့ အပေါ်ယံ ထိတွေ့မှုတွေကတဆင့် မကူးနိုင်ပါ။

HIV/AIDS ရှိသူတွေကို အခြားလူတွေက ခွဲခြားဆက်ဆံရတဲ့ အဓိက အကြောင်းရင်းတခုက ကူးဆက်မှာ ကြောက်တာလို့ ပြီးခဲ့တဲ့ အပတ်က ဆွေးနွေးခဲ့ပါတယ်။ ဒီလို ကူးဆက်နိုင်တဲ့နည်းနဲ့ မကူးဆက်နိုင်တဲ့ နည်းတွေကို သိလာရင် ဘယ်လိုကာကွယ်နိုင်မယ်ဆိုတာ သိလာပြီး မကူးနိုင်တဲ့ နည်းတွေအတွက်လည်း မကြောက်တော့ဘဲ အခုလို ခွဲခြားဆက်ဆံတာတွေ လျော့နည်းလာနိုင်ပါတယ်။

ဒီအကြောင်းကို ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က HIV/AIDS ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာမြတ်ထူးရာဇတ် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/health/health_12-15-2010-111967964.html

0 comments:

Post a Comment