သေတဲ့အချိန်
သတ္တ၀ါတစ်ခု၊ ဘ၀တစ်ခု အဆုံးသတ်ဖို့ သေရတဲ့ အချိန်မှာ အဲဒီသူသေတာကို ကျန်နေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကယ်တင်နိုင်ဖို့ မရှိဘူး၊ ဒီသဘောကို နားလည်ပါ၊ ဖြစ်ခဲ့တာတွေကို စဉ်းစားမနေပါနဲ့တော့၊ ဘ၀ရဲ့ သဘာဝအမှန်ကို နားလည်ပါ” စသည်ဖြင့် တရားဟောတော်မူတယ်။
မြတ်ဗုဒ္ဓရဲ့ အသံတော်ကို ကြားလိုက်ရချိန်မှာပဲ ပဋာစာရီဟာ အသိပြန်ဝင်လာတယ်။ စိတ်ကြောင့်ရူးတယ် စိတ်နဲ့ပဲ ပြန်ကောင်းလာတယ်။
အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ “သီလ - ကိုယ်ကျင့်တရား” ကို အားကိုးပါ။ ကိုယ်ကျင့်တရားကောင်းအောင်လုပ်ပြီး “နိဗ္ဗာန်” ကို တက်လှမ်းပါ။
လူတွေဟာ ဒုက္ခရောက်လာတဲ့ အခါမှာ စဉ်းစားဥာဏ်မရှိတော့ဘူး။ လောကကြီးဟာ ဒုက္ခအစုအဝေးကြီးပါပဲ။ ဘ၀ဆိုတာ ဒီလိုပဲ ဒုက္ခတွေချည်းပဲဖြစ်တဲ့ အတွက် ဒီသဘာဝကို စိတ်ပျက်၊ ကြောက်ရွံ့စရာ မလိုဘူး။ ကိုယ်ကျင့်တရား မကောင်းတဲ့သူ မကောင်းတာတွေ လုပ်နေတဲ့သူဟာ တခြားဘယ်သူမှ မသိဘူးဆိုရင်တောင် ကိုယ့်ကိုယ်ကိုတော့ အသိဆုံးပါပဲ။
လူတွေ သေကြတဲ့အခါ -
- တချို့က ပြုံးပြီးသေကြတယ် ...
- တချို့က အော်ဟစ်ပြီး သေတယ် ...
- တချို့က ရုန်းကန်ပြီး သေတယ် ...
- တချို့က ဝေဒနာကို ပြင်းပြင်းထန်ထန် နာကျင်ခံစားရပြီး သေတယ် ...
ဘ၀ တစ်လျောက်လုံး ကိုယ်ကျင့်သုံးလာခဲ့တဲ့ ကိုယ်ကျင့်တရားက သေခါနီး အချိန်မှာ ပြန်ပေါ်လာတယ်။
ကိုယ်ကျင့်သီလ ကောင်းလာတဲ့ အခါမှာ ဒေါသမဖြစ်အောင် နေနိုင်လာတယ်။ ဒေါသဖြစ်/ စိတ်ဆိုးလာပြီ ဆိုရင်လည်း ချက်ချင်းသိပြီး ဖယ်ရှားနိုင်လာတယ်။
ထို့အတူပဲ ကိုယ်ကျင့်သီလကောင်းလာတဲ့သူဟာ ကောင်းတဲ့စိတ်ဖြစ်အောင်လည်း အမြဲလုပ်နေတယ်။ ဖြစ်လာတဲ့ ကောင်းတဲ့စိတ်ကိုလည်း တိုးပွားအောင် အမြဲတမ်း ကြိုးစားနေထိုင်တယ်။
ဒီလိုနေမှ ဘ၀ကောင်းလာမယ်၊ စိတ်စွမ်းအားတွေ ကောင်းလာမယ်။ ဒါကို Right Effort “မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု” လို့ခေါ်တယ်။ “မှန်ကန်တဲ့ သတိ” Right Mindfulness အမြဲရှိပြီး ကိုယ်နဲ့ မကွာ ထိန်းသိမ်းထားနိုင်ရမယ်။
(နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့) ကောင်းတဲ့ အာရုံ တစ်ခုခုမှာ စိတ်လေးက ငြိမ်သက်အောင် နေနိုင်တဲ့ အခါမှာ Right Concentration “မှန်ကန်တဲ့ စူးစိုက်မှု” ဖြစ်ပေါ်လာတယ်။ စိတ်ရောဂါကင်းလာတာနဲ့ အမျှ စိတ်ကြောင့်ဖြစ်တဲ့ နှလုံးပူပန်မှုဆိုတာလည်း မရှိတော့ဘူး။
Source Article from http://sharingtofrds.blogspot.com
0 comments:
Post a Comment