၂၀၁၀ပြည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ အဆောက်အအုံ ၇၀ နီးပါးကို အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။
အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံများမှာ
မတ် လအတွင်းက ၂၅ လုံး၊
သြဂုတ်လ အတွင်းက ၁၅ လုံးနှင့် ဒီဇင်ဘာလ အတွင်း ၂၇ တို့ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရှိရသည်။
ယင်း အဆောက်အအုံများမှာ
ဗိုလ်တထောင်မြို့နယ်တွင် ကိုးလုံး၊
လသာမြို့နယ်တွင် ၁၃ လုံး၊
ပန်းဘဲ တန်းမြို့နယ်တွင် ၁၆ လုံး၊
ပုဇွန်တောင်မြို့နယ်တွင် လေးလုံး၊
လမ်းမတော်မြို့နယ်တွင် နှစ်လုံး၊
ကျောက် တံတားမြို့နယ်တွင်လေးလုံး၊
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ခုနစ်လုံး၊
တာမွေမြို့နယ်တွင် ကိုးလုံး၊
အလုံမြို့ နယ်တွင်တစ်လုံး၊
ဗဟန်းမြို့နယ်တွင်တစ်လုံး၊
ဒဂုံမြို့နယ်တွင်တစ်လုံး တို့ဖြစ်သည်ဟု သိရသည်။
အဆိုပါ အဆောက်အအုံများကို အန္တရာယ်ရှိ အဆောက်အအုံများ စစ်ဆေးရေး အဖွဲ့မှ အတည်ပြုခြင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မတ်လနှင့် သြဂုတ်လအတွင်းက သတ်မှတ်ခဲ့သည့် အဆောက်အအုံ ၄၀ နီးပါးကို ဖြိုဖျက်၍ အသစ်ပြန်လည် ဆောက်လုပ်နေသော်လည်းအချို့ အဆောက်အအုံများမှာမူ ဖြိုဖျက်ပြီးသော်လည်း ပြန်လည်ဆောက်လုပ် မှုမရှိသေးကြောင်း သိရသည်။
၂၀၀၄-၀၅ ၁၁၄ လုံး
၂၀၀၅-၀၆ ၁၄၁ လုံး
၂၀၀၈-၀၉ ၈၂ လုံး
0 comments:
Post a Comment