
၂၇၅၀ ပြည့်နှစ် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ဂဘာ အာလိန်ငါးဆင့်ကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
နှစ်သစ်ကူးနေ့ ဖြစ်သည့် ဇန်န၀ါရီလ ၅ ရက်နေ့ မနက် ၆ နာရီတွင် မဟာဆေးဝင်္ဂဘာ အာလိန်ငါးဆင့် ကျောင်းတွင် အလံတင် အခမ်းအနားကို ကျင်းပခဲ့ပြီး မနက် ၆ နာရီခွဲအချိန်၌ နှစ်သစ်ကူးနေ့နှင့် သက်ဆိုင်သော ဟောပြောပွဲကို တစ်ဆက်တည်း ကျင်းပခဲ့ကြကြောင်း သိရသည်။
ယင်းနောက်တွင် ၂၀၁၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ ၁၂၈ ဦးကို ပညာရည်ချွန်ဆု ပေးအပ်ပွဲ ကျင်းပခဲ့သည်။
မဟာဆေးဝင်္ဂဘာ အာလိန်ငါးဆင့် ကျောင်းဝင်းအတွင်း နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှု ပြခန်း၊သတင်းနှင့်ပြန်ကြားရေး ပြခန်း၊ ကရင်ရိုးရာ ၀တ်စုံများနှင့် အသုံးပစ္စည်း ပြခန်းများကို ပြသထားပြီး ကရင်အ မျိုးသမီးများ ဖွံ့ ဖြိုးတိုးတက်ရေး အဖွဲ့ မှ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အစီအစဉ် ပြခန်းကိုပါ ပြသထားကာ လာရောက် ကြည့်ရှုသူများကို လူကုန်ကူးမှုနှင့် ပတ်သက်သော ဥာဏ်စမ်းမေးခွန်းများကို ဖြေဆိုနိုင်ခြင်း အစီအစဉ်ကိုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရိုးရာယဉ်ကျေးမှု သရုပ်ဖော်အကနှင့် ဒုံးယိမ်း ပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ ပြိုင်ပွဲများကို ထည့်သွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
|
|
Thursday, January 6, 2011
အာလိန်ငါးဆင့်တွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပ
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment