+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, January 14, 2011

စိုက်ဧက ၁၀၀ တွင် ကျွန်းပင်ပေါင်း ၅၄၀၀၀ စိုက်ပျိုးမည်

စိုက်ဧက ၁၀၀ တွင် ကျွန်းပင်ပေါင်း ၅၄၀၀၀ စိုက်ပျိုးမည်

ကျောက်မဲခရိုင် ဂုတ်တွင်းကြိုးဝိုင်းအတွင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း၌ စိုက်ဧက ၁၀၀ တွင် ကျွန်းပင်ပေါင်း ၅၄၀၀၀ စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဂုတ်တွင်းကြိုးဝိုင်း ဧရိယာ အတွင်းရှိ ဂုတ်တွင်းကြိုးဝိုင်း စိုက်ခင်းစခန်းတွင် ကျွန်းပင်ပျိုးထောင်ခြင်း လုပ်ငန်းကို စတင်နေပြီ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လ များတွင် ကျွန်းစိုက်ပျိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

''၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ကျွန်းစိုက်ဧက ၁၀၀ အတွင်းမှာ အပင်ပေါင်း ၅၄၀၀၀ စိုက်ပျိုးခဲ့ပါတယ်။ အခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းမှာလည်း စိုက်ဧက ၁၀၀ အတွင်း ကျွန်းပင်တွေစိုက်ဖို့ အခုကတည်းက ပျိုးထောင်ပြီး ပြင်ဆင်နေပါတယ်''ဟု ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါသည်။

ကျောက်မဲမြို့နယ် ဂုတ်တွင်း ကြိုးဝိုင်း ဧရိယာသည် ၂၂၄၀ ဧက ရှိပြီး ကျွန်း၊ သစ်ရာ၊ အင်ကြင်း၊ အင်၊ ၀ါး အများဆုံး ပေါက်ရောက်လျက် ရှိကြောင်း သိရသည်။

Source News from http://www.news-eleven.com

0 comments:

Post a Comment