+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, January 3, 2011

ကရင်လူမျိုး စောသံမဏိ ဆန္ဒပြ

နအဖတို့ ရဲ့  ကလိမ်ကကျစ် ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်မပြုပါ။ ထို့ အတူ နအဖ သမတများနှင့် အမတ်များကိုလည်း အသိအမှတ်ပြုမည် မဟုတ်ပါ။
4 Jan 11, 08:58
niknayman: ထိုင်းနိုင်ငံ မဲဆောက်မြို့  UN ရုံးမှ တုန့် ပြန်မှု မရှိဘဲ၊ ထိုင်းလုံခြုံရေးတပ်ဖွဲ့ များမှ ၄င်းတောင်းဆိုချက်များအား လက်ခံနားထောင်ပြီးနောက် စောသံမဏိအား သက်ဆိုင်ရာဌာနသို့  ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
4 Jan 11, 08:52
niknayman: ၄င်းအား ယခုဆန္ဒပြခြင်းနှင့် ပတ်သက်၍ အရေးယူပါက ကမ္ဘာ့တရားသို့  တင်ရန်တို့  တောင်းဆိုကြောင်း သိရှိရပါတယ်။
4 Jan 11, 08:50
niknayman: နအဖတို့ ၏ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တရားမျှတမှု မရှိတာကြောင့် အသိအမှတ် မပြုရန်၊ နအဖမှ နယ်ခြားစောင့်တပ်များအဖြစ် အတင်းအကြပ် ဖိအားပေး လုပ်ခိုင်းမှုများအား တားမြစ်ပေးရန်၊ မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂမှ ထိထိရောက်ရောက် လုပ်ဆောင်ပေးရန်နှင့်
4 Jan 11, 08:46
niknayman: မြန်မာနိုင်ငံသား (ကရင်လူမျိုး) ဖြစ်သူ စောသံမဏိ ဆိုသူမှ မြန်မာနိုင်ငံရေးနှင့် ပတ်သက်သော တောင်းဆိုချက် အချက် (၄) ချက်အား ဆန္ဒပြတောင်းဆိုခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
4 Jan 11, 08:40
niknayman: ထိုင်းနိုင်ငံ မဲဆောက်မြို့  UN ရုံး အနီးတွင် ဆိုင်ကယ်တက္ကစီနောက်လိုက်ပါလာသော အမျိုးသားတစ်ယောက်မှ လက်ပစ်ဗုံး စနက်တံဖြုတ်၍ ဆိုင်ကယ်တက္ကစီသမားနောက်တွင် ဖောက်ခွဲရန် အသင့်အနေအထားဖြင့် အဖမ်းမခံပဲ ရှိနေပါသည်။ မဲဆောက် ထိုင်းအရာရှိများ လုံခြုံရေးများ ယခုချိန်ထိ ၀န်းရံထားဆဲဖြစ်ပါတယ်။

Source from http://www.niknayman-niknayman.co.cc/ C-Box

0 comments:

Post a Comment