+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, January 22, 2011

‘အမေ့အိမ်’ စာသင်ကျောင်း ဖွင့်ခွင့်ရ

Source Photo from http://www.google/images

NLD စာသင်ကျောင်း ဆက်လက် ဖွင့်ခွင့်ရ
2011-01-22

ကျောင်းဖွင့်ခွင့် တားဆီးခံထားရတဲ့ လှိုင်သာယာက ‘အမေ့အိမ်’ အခမဲ့ ကလေးစာသင်ကျောင်းကို ဆက်လက် ဖွင့်လှစ်ခွင့် ရရှိတဲ့အတွက် ကျေးဇူးတင်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က လှိုင်သာယာမြို့နယ် (၁၄) ရပ်ကွက် မေခ လမ်း ဦးမင်းလွင်ရဲ့ ခြံဝင်းအတွင်းမှာ ‘အမေ့အိမ်’ လို့ အမည်ပေးထားတဲ့ အခမဲ့ စာသင်ကျောင်းကို NLD က ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ပညာရေး ဝန်ကြီးဌာနက တားမြစ်တဲ့အတွက် နောက်တနေ့မှာ ပိတ်ထားခဲ့ရပါတယ်။

ဒီလို တားမြစ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လှိုင်သာယာ NLD အတွင်းရေးမှူး ဦးအေးဗိုနဲ့ ပညာရေးဌာန တာဝန်ရှိသူတွေ မနေ့က ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ဖွင့်လှစ်ခွင့် ရရှိခဲ့တာပါ။

ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းကြတဲ့အတွက် နှစ်ဘက်စလုံးကို အထူး ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချ ပြောဆိုကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။

ကျောင်းဖွင့်ခွင့် စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဖွင့်ခွင့်မရှိဘူးလို့ ပညာရေးဌာနက တားမြစ်ခဲ့တာ ဖြစ်ပေမယ့် ဒီကျောင်းဟာ အခကြေးငွေယူပြီး ဖွင့်တာ မဟုတ်တဲ့အတွက် တခြား ပုဂ္ဂလိက စာသင်ကျောင်းတွေနဲ့ မတူကြောင်း NLD ဘက်က ပြန်လည် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment