+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, January 14, 2011

တူနီးရှားသမ္မတ နိုင်ငံက ထွက်ပြေး

တူနီးရှားသမ္မတ Zin El Abidine Ben Ali
Source Photo from http://www.google.com/images

တူနီးရှားသမ္မတ နိုင်ငံကထွက်ခွာ

ဝန်ကြီးချုပ် ယာယီသမ္မတတာဝန်ယူ

သောကြာ, 14 ဇန်နဝါရီ 2011

တူနီးရှားနိုင်ငံကို ၂၃ နှစ်ကြာ သမ္မတလုပ် အုပ်ချုပ်ခဲ့တဲ့ Zin El Abidine Ben Ali (ဇင်း အလ် အာဘီဒင်း ဘန် အာလီ) ဟာ တိုင်းပြည်က ထွက်ပြေးသွားပါပြီ။ တူနီးရှားနိုင်ငံမှာ တိုင်းပြည် မတည်မငြိမ်ဖြစ်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း အခုတခါ အဆိုးဆုံးဖြစ်ပျက်နေတာပါ။ လောလောဆယ် ကြားဖြတ်သမ္မတအဖြစ် လက်ရှိဝန်ကြီးချုပ် မိုဟာမက် ဂန်နူချီက တာဝန်ယူထား ရပါတယ်။ မနေ့ကညနေပိုင်းမှာ သမ္မတ ဘန်အာလီ လေယာဉ်နဲ့ထွက်ပြေးသွားခဲ့တာပါ။

တူနီးရှား စစ် တပ်က လေဆိပ်နဲ့ နိုင်ငံပိုင်လေပိုင်နက်ကို သူထွက်မပြေးခင်မှာ တခြားသူတွေရဲ့ အနှောင့်အယှက် မရှိအောင် ပိတ်ပေး ထားခဲ့ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံကသတင်းတွေမှာတော့ တူနီးရှားသမ္မတရဲ လေယာဉ်ဟာ ဆော်ဒီနိုင်ငံ Jeddah ဂျဒါ့ခ်ျမြို့ ကိုဆင်းသက်ခဲ့တယ်လို့ ဆိုပါတယ်။

တူနီးရှားကို အရင်က သိမ်းပိုက်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံကလည်း သူတို့ဆီကို လာပြီးခိုလှုံဖို့ ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ မစ္စတာ ဘန်အာလီဟာ တိုင်းပြည်က ထွက်မပြေးခင်မှာ သူ့ရဲ့အစိုးရကို ဖျက်သိမ်းခဲ့ပါတယ်။ နောက်ပြီးတော့ တိုင်းပြည်ကိုလည်း နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ လူထုစုဝေးမှုတွေမလုပ်ဖို့နဲ့ ဆူပူသူတွေကိုသေနတ်နဲ့ပစ်ခတ်ဖို့ကိုလည်း လုံခြုံရေး တပ်ဖွဲ့တွေကို အမိန့်ထုတ်ခဲ့ပါတယ်။
Jeddah Airport
Source Photo from http://www.google.com/images

တူနီးရှားနိုင်ငံအတွင်းမှာတော့အလုပ်လက်မဲ့တွေများလွန်းတဲ့ပြဿနာနဲ့စားသောက်ကုန် ဈေးတွေ တက်နေတဲ့ပြဿနာတွေကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြနေကြပြီး အဲဒီဆန္ဒပြမှုတွေအတွင်း လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။





Find this article at:
http://www.voanews.com/burmese/news/Tunisia-president-01-14-11-113637709.html

0 comments:

Post a Comment