|
|
Sunday, February 13, 2011
ရေနဂါး အစာ မည်သို့ဖမ်းသနည်း
Wednesday, 09 February 2011
နိုင်ငံတကာသတင်းဂျာနယ်
ရေနဂါး (Seahorse) သတ္တ၀ါလေး တွေဟာ သူတို့ရဲ့ သားကောင်းကို ဘယ်ပုံ ဘယ်နည်း ဖမ်းယူ စားကြသလဲ ဆိုတာ ကို သိချင်တဲ့ အခါ ၀ါသနာရှင် သိပံ္ပပညာရှင်တွေက သုတေသနပြုပြီး “သဘာဝဆက်သွယ်ချက်”(Nature Communication) စာစောင်မှာ ဖော်ပြ လိုက်ပါတယ်။ ဒီသတ္တ၀ါလေးတွေဟာ “ဒေါင်”လိုက်သာ ရေထဲမှာ ရပ်တည်နေပြီး သူတို့ရဲ့ ကိုယ်ခန္ဓာပုံပန်း သဏ္ဍာန်ဟာ “န”ငယ်ပုံ တွန့်ကွေး နေတာကြောင့် အစာဖမ်းယူရာမှာ နငယ်ပုံ ဆန့်ထုတ်နိုင် တဲ့အတွက် မထင်မှတ်တဲ့ အကွာအဝေးက ပိုးမွှား သတ္တ၀ါလေးတွေကိုတောင် လှမ်းပြီး ဖမ်းယူစားသောက်နိုင်တဲ ရေနဂါး တို့ဟာ ပင်လယ်ရေမှော် ပင်လိုဟာမျိုးမှာ သူတို့ရဲ့ အမြီးနဲ့ ဖမ်းဆွဲထားပြီး နားနေလေ့ရှိတယ်လို့ သိပံ္ပပညာရှင်တို့ရဲ့ သုတေသန စာတမ်းများ က ဆိုထားပါတယ်။
မောင်ခေတ်စည်
နိုင်ငံတကာသတင်းဂျာနယ်
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment