+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, February 10, 2011

လယ်သမားတွေရဲ့ ဘ၀ပေး


ဆန်စပါးဈေး စတင် ပြောင်းလဲ

Thursday, 10 February 2011
7Day News Journal

မိုးစပါးများ ရိတ်သိမ်းချိန် လွန်မြောက်ပြီး တစ်လခန့် အကြာ လယ်သမား များထံ၌ ရောင်းစပါး မရှိတော့၍ ဈေးကွက် အတွင်း ဆန်ဈေး၊ စပါးဈေး စတင် ပြောင်းလဲ လာကြောင်း နေပြည် တော် ရှိ လယ်သမားများနှင့် ဆန်စက် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရ သည်။ လက်ရှိ အခြေအနေ အရ ဈေးကွက်အတွင်း မနောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ်လေး သိန်းခွဲ အထက် ပေါက်ဈေးရှိနေ ပြီး ယင်းဆန်အမျိုးအစားများမှာ လည်း ၂၄ ပြည်ဝင် တစ်အိတ်လျှင် ကျပ် တစ်သောင်း ခုနစ်ထောင် အထိရှိနေကြောင်း နေပြည်တော် ပျဉ်းမနား မြို့ရှိ ဆန်လုပ်ငန်း ရှင် တစ်ဦးကပြောသည်။

“စပါးက၀ယ်လို့ ခက်သွား တယ်။ လှောင်လက်တွေဆီမှာပဲရှိတော့တယ်။ သူတို့က ဆက်ပြီး လှောင်လေ အကျိုးပိုရှိလေ ဆိုတာကို သိနေတော့ ဈေးကိုင်တယ်။ အဲဒီတော့ ဆန်ဈေးလည်း လိုက် လာတာပဲ။ ပြီးခဲ့တဲ့ လဝက်လောက်က တစ်အိတ်ကို ၁၄,၀၀၀ ကျပ်လောက်ရှိခဲ့ရာမှ အခု ၁၇,၀၀၀ ကျပ်ဖြစ်နေတယ်။ နောက်ထပ် လည်း ဆက်တက်နေဦးမယ်ထင်တယ်”ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

စပါးရိတ်သိမ်းချိန်က ၎င်းအုပ်စုဝင်စပါးများမှာ တင်း ၁၀၀ လျှင် သုံးသိန်းခွဲနီးပါးမှ လေးသိန်း အကြား ပေါက်ဈေးရှိခဲ့ပြီး ဒေသတွင်း လှောင်လက်များက အများအပြား ၀ယ်ယူခဲ့ကြသ ကဲ့သို့ ပျော်ဘွယ်၊ ရမည်းသင်း စသည့် ဆန်လိုအပ်ရာဒေသ များကလည်း အများအပြား လာရောက်ဝယ်ယူခဲ့ကြ ကြောင်း ယခုအချိန်တွင် လယ်သမား များ ထံ၌ ရောင်းရန်ပိုလျှံ စပါးအလွန်နည်းပါး သွားပြီ ဖြစ် ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရ သည်။

ဒေသခံ လယ်သမားတစ်ဦး ဖြစ်သူ ကိုစိုးမင်းကလည်း “ကျွန်တော်တို့ရောင်းတုန်းက သုံးသိန်း ခွဲပဲ ရှိတယ်။ အခုတစ်လလောက်ပဲ ရှိဦးမယ်။ လေးသိန်းခွဲဆိုတော့ နှမြောတာပေါ့ဗျာ။ ဒါပေမဲ့ မတတ် နိုင်ပါဘူး။ ဒါက ကျွန်တော်တို့ လယ်သမားတွေရဲ့ ဘ၀ပေးပေါ့” ဟု လယ်သမား အများစု၏ အခြေအနေကို ထင်ဟပ်ပြောဆိုသည်။ မြန်မာနိုင်ငံရှိ အခြားသော ဆန်လိုဒေသ များတွင်လည်း ယခု ရက်သတ္တပတ်အတွင်း ဆန်ဈေး ကွက် အနည်းငယ် လှုပ်ရှားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထူးသန့်
Source News from 7Day News Journal

0 comments:

Post a Comment