+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, February 1, 2011

သမတလောင်း ပဏာမရွေး

Source Photo from http://www.google.com/images

သမတလောင်းစာရင်း စစ်အစိုးရလွှတ်တော်သစ်မှာ

ပဏာမရွေးချယ်

2011-02-01

နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော် ဒုတိယနေ့ကို မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့ပြီး ဒုတိယ သမတလောင်း အမည်စာရင်းတွေကို တင်သွင်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ဒုတိယ သမတလောင်းတွေအနေနဲ့ ပြည်သူလွှတ်တော်က ပဏာမရွေးချယ်ရာမှာ ကြံ့ခိုင်ရေး ပါတီ အမတ် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့က လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းမောင် ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားလွှတ်တော်က တင်သွင်းသူ နှစ်ဦးကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခန်းနဲ့ ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒေါက်တာ အေးမောင်တို့ ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေဖက်က တင်သွင်းသူ ဦးတင်အောင်မြင့်ဦး ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဒီစာရင်းမှာ အများ ခန့်မှန်းနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မပါဝင်တဲ့အတွက် သမတရာထူးကို စစ်အစိုးရ အကြီးအကဲက ရယူမှာ မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှား ပြလိုက်တာ ဖြစ်တယ်လို့ နေပြည်တော်က သတင်းတွေက ဆိုပါတယ်။

လွှတ်တော် ကိုယ်တိုင်တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလို ပြောပြပါတယ်။

“ပြည်သူ့လွှတ်တော်ကနေ ပြီးတော့ကျတော့ ဒုတိယ သမတလောင်းအနေနဲ့ တင်ပေးတာ ကျွန်တော်တို့ နှစ်ယောက် တင်ပေးတယ်။ အဲဒါ ဘယ်သူလဲဆိုတော့ ကျတော့ ဦးစောသိန်းမောင်နဲ့ နောက်တခုက ဦးသိန်းစိန်၊ အဲဒီ နှစ်ယောက်ပေါ့။ အမျိုးသားလွှတ်တော်က ကျတော့ တစ်က စိုင်းမောက်ခမ်း၊ နောက်တယောက်ကကျတော့ ကျွန်တော်တို့ ဒေါက်တာ အေးမောင်၊ ရခိုင်က။ နက်ဖြန်ခါ ကျွန်တော်တို့ တရက်နားတယ်။ ဒီနေ့ ဟိုဟာဖြစ်ပြီးရင် သဘက်ခါ ၁၀ နာရီမှာ ပြန်ပြီးတော့ ကျတော့ လွှတ်တော် ပြန်ကျင်းပမယ်။”

ဒါ့အပြင် ဒီကနေ့ ဒုတိယ သမတလောင်း စိစစ်ရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ စိစစ်ရေး ကော်မတီအတွက် ပြည်သူ့လွှတ်တော်က လက်ရှိ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသား လွှတ်တော်က လက်ရှိ လျှပ်စစ်စွမ်းအား ဒုဝန်ကြီး ဦးမျိုးမြင့်ကို ရွေးချယ် လိုက်ပါတယ်။ ဒီစိစစ်ရေးကော်မတီမှာ ဒီကနေ့ ရွေးချယ်လိုက်သူ ၂ ဦးနဲ့အတူ လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌတွေလည်း ပါဝင်ကြောင်းသိရပါတယ်။

ဒုတိယ သမတလောင်း အမည်စာရင်းတွေကို စိစစ်ရေးကော်မတီက စိစစ်အတည်ပြုပြီးနောက် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက် တဦးစီကို မဲနဲ့ ရွေးချယ် တင်မြှောက်မှာ ဖြစ်ပါတယ်။

ဒုတိယ သမတကို လာမဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြန်လည်စတင်မဲ့ လွှတ်တော်မှာ မဲခွဲမှာ ဖြစ်ပါတယ်။ အဲဒီ ဒုသမတထဲကမှ သမတ ပြည်ထောင်စု လွှတ်တော်ကနေ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မနက်ဖြန် ၂ ရက်နေ့မှာတော့ လွှတ်တော်ရပ်နားကြောင်း သိရပါတယ်။

ဒီအကြောင်း ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် ဦးစိုးဝင်းကို RFA ဝိုင်းတော်သား ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားပါတယ်။




အလားတူပဲ အမျိုးသားလွှတ်တော်က NDF ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်ကို RFA မှ ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်




Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment