ကျောက်မျက်ရတနာထွက်ရှိမှု လျော့နည်းသော်လည်း
ကျောက်စိမ်းရောင်းချမှုနှစ်စဉ်တိုး
ကျောက်စိမ်းရောင်းချမှုနှစ်စဉ်တိုး
မြန်မာနိုင်ငံရှိ ကျောက်မျက် ရတနာနယ်မြေများမှ ကျောက်မျက် ရတနာထွက်ရှိမှု နှစ်စဉ်လျော့နည်း လာသော်လည်း ကျောက်စိမ်း ထုတ်လုပ်ရောင်းချနိုင်မှုမှာ နှစ်စဉ်တိုးတက်လာကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များထံမှ သိရှိရသည်။
ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများကိုအဓိက လုပ်ကိုင်နေသည့် ရတနာနယ်မြေများဖြစ်သော မိုးကုတ်၊ မိုင်းရှူး၊ ဖားကန့်၊ လုံးခင်း၊ ခန္တီး၊ မိုးညှင်း၊ နန့်ယားဒေသများမှ ကျောက်မျက် ရတနာများထွက်ရှိမှုမှာ ယခုဆယ်စုနှစ်ကာလအတွင်း လျော့ကျမှုများရှိ လာကြောင်း သိရှိရသည်။
အဆိုပါဒေသများ၌ ကျောက်မျက်ရတနာထွက်ရှိမှု လျော့နည်းလာမှုကြောင့် ၂၀၀၅ ခုနှစ်တွင်ကျောက်မျက်ရတနာ ရောင်းချရမှုမှ ၀င်ငွေရရှိ မှုမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၇ သန်းကျော် ရှိခဲ့သော်လည်းပြီးခဲ့သည့် နှစ်တွင်ကျောက်မျက် ရတနာရောင်းချရမှုမှ ၀င်ငွေငါးသန်းကျော်သာ ရရှိခဲ့ကြောင်း သိရှိရသည်။
သို့သော် ကျောက်စိမ်းထုတ်လုပ်မှုပိုင်းတွင် ကျောက်စိမ်းထုတ်လုပ်နိုင်မှု ပမာဏမှာ နှစ်စဉ်တိုးတက်လာပြီး ၂၀၀၅ ခုနှစ်တွင် ကျောက်စိမ်းရောင်းရငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၈ သန်းကျော်သာ ရှိခဲ့ရာမှ ၂၀၁၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀၀ ကျော်အထိရရှိလာကြောင်း သိရှိရ သည်။
ကျောက်မျက်ရတနာလုပ်ငန်းရှင် တစ်ဦးက"မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်မျက်ရတနာ နယ်မြေတွေမှာတရားဝင် ကျောက်မျက်ရတနာတူးဖော် လုပ်ကိုင်နေတဲ့ကုမ္ပဏီတွေ အများအပြားရှိလာတာနဲ့အတူ ခေတ်မီစက်ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင် လာတာတွေကြောင့် ကျောက်မျက်ရတနာလုပ်ကွက်တွေ ကရတနာထွက်ရှိမှု နည်းလာပါတယ်" ဟု ပြောကြားခဲ့သည်။
မြန်မာကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းများကို ယခင်နှစ်များကလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ချထားပေးခဲ့ရာ ဖားကန့်ရတနာမြေ၌ Jade Dragon Gems Co.,Ltd,Jing Po Aung Jadea-ndGems,မြန်မာစည်သူကုမ္ပဏီ လီမိတက်၊ ရတနာတောင်တန်း ကုမ္ပဏီလီမိတက်၊ ရွှေဂုဏ်ဂုဏ် ကျောက်မျက်ရတနာလီမိတက်တို့ လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
မိုင်းရှူးရတနာမြေ၌ Khun Pa O Gems Jade Co.,Ltd, ပတ္တမြား နဂါးကျောက်စိမ်း ကုမ္ပဏီလီမိတက် စသည့်ကုမ္ပဏီများအား လုပ်ကိုင်ခွင့်များချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင်၂၀၁၁ ခုနှစ်၊ မတ်လ အတွင်း ၄၈ ကြိမ်မြောက်၊ မြန်မာ ကျောက်မျက်ရတနာပြပွဲကိုလည်း ၂၃ ရက်ကြာ နေပြည်တော်၌ ကျင်းပသွားရန်ရှိကြောင်း သိရှိရပါသည်။
Comments
+25 #2 Change 2011-02-16 11:10
"ငါတို့ နိုင်ငံတော်ကြီး သည် မည်သူ တစ်ဦးတစ်ယောက် အဖွဲ့ တစ်သင်း၏ အမွေအနှစ် မဟုတ်၊ မည်သူတစ်ဦးတစ်ေ ယာက် အဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်း မဟုတ်၊ မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ် သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်ေ သာ နိုင်ငံမဟုတ်၊ အတိတ်ကာလက လည်းကောင်း၊ ယခု မျက်မှောက်တွင် လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌ လည်းကောင်း၊ ငါတို့ ပြည်ထောင်စုကြီး အတွင်း၌ မှီတင်းနေထိုင်ြ က သော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့ ၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားစရာ ဖြစ်သည်"ဟု လွတ်လပ်ရေး ကြေညာစာတမ်း၏ အပိုဒ်(၅) တွင် ဖော်ပြခဲ့သည်။
+22 #1 Change 2011-02-16 09:39
Quote
"ကျောက်မျက်ရတနာလုပ်ငန်းရှင် တစ်ဦးက
"မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်မျက်ရတနာ နယ်မြေတွေမှာ တရားဝင်ကျောက်မျက်ရတနာ တူးဖော် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ အများအပြားရှိလာတာနဲ့အတူ ခေတ်မီစက်ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင် လာတာတွေကြောင့် ကျောက်မျက်ရတနာလုပ်ကွက်တွေ က ရတနာထွက်ရှိမှု နည်းလာပါတယ်"
ဟု ပြောကြားခဲ့သည်။ "
အင်း.....ကုန်ပြီဆိုတော့.......ကြာရင် တို့သာမန်ပြည်သူ တွေကတော့ ကျောက်ထွက်ရှိတဲ့ နိုင်ငံမှာနေပြီး မချမ်းသာပဲ၊ ကျောက်ခေတ်ကလူတွေလို သစ်ရွက်လေးတွေ အုပ်ပြီးနေရတော့မယ်ထင်တယ်။
0 comments:
Post a Comment