+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, February 19, 2011

၆ ပတ်မျှသာ အသက်ရှင်တော့မည့် သူကြွယ်Steve Jobs

Apple CEO Steve Jobs is set to meet Barack Obama later after reports he only has six weeks to live were dismissed (Pic: Getty)

Source Photo from
http://img.metro.co.uk/i/pix/2011/02/17/article-1297944540209-0D3C93C9000005DC-811525_636x380.jpg

Source Photo from
http://www.nationalenquirer.com/steve_jobs_6_weeks_live_cancer/celebrity/70197

Friday, 18 February 2011
SHADE Journal

Apple ကုမ္ပဏီ၏ CEO စတိဗ်ဂျော့သည် လူ့လောကတွင် ၆ ပတ်မျှသာ အသက်ရှင်နိုင်တော့မည်ဟု ဆိုသောသတင်းသည် Apple ချစ်သူများအား တုန်လှုပ်သွားစေခဲ့သည်။
i Pad, i Phone တို့ဖြင့် Apple ကိုကမ္ဘာ့အကြီးဆုံး စီးပွားရေး လုပ်ငန်းကြီး အဖြစ် လာအောင်ဦးဆောင် နေခဲ့သော ဂျော့သည် သက်တမ်း၆ပတ်မျှသာကျန်ရှိတော့ကြောင်း အခိုင်အမာရေးသားဖော်ပြခဲ့သည်။ Enquirer တွင်ပါရှိသောဓာတ်ပုံများက ဂျော့သည်သိသိသာသာပိန်ချုံးညှိုးနွမ်းသွားသည်ကို သက်သေခံ ကြောင်းတွေ့ရသည်။
ဂျော့သည် လက်ရှိတွင်ပင်ကရီယကင်ဆာကို ခံစားနေရပြီး Apple ၏ CEO တာဝန်မှ ကာလ ရှည်ဆေးခွင့် ယူကာ အနားယူထားကြောင်း သတင်းထုတ်ပြန်ထားသည်။ Enquirer မဂ္ဂဇင်းတွင်ပါဝင်သော ဓာတ်ပုံများကို အင်တာနက်တွင်လွှင့်တင်ခြင်းပြုသေးသလို ယင်းသတင်းကြောင့် Apple ၏ ရှယ်ယာတန်ဖိုးများ သိသိသာသာ ထိခိုက်မှုမရှိသေးချေ။

ဂျော့၏ကိုယ်အလေးချိန်သည် ကင်ဆာကြောင့်၁၇၅ ပေါင် ရှိရာမှ၁၃၀၀န်းကျင် ထိ ထိုးကျသွားကြောင်းလည်း Inquire က ဖော်ပြခဲ့သည်။ ထိုပုံများကို ဖေဖော်ဝါရီ ၈ရက်နေ့က ဂျော့နှင့်ဇနီးသည် လော်ရာနီပိုဝဲလ်တို့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတမ်းဖို့ဒ်ကင်ဆာရောဂါကုသရေး စင်တာသို့မသွားရောက်မီ နံနက်စာ စားနေစဉ်က ရိုက်ကူးထားခြင်းဟုရေးသားထားသည်။
ယင်းစင်တာမှ ဒေါက်တာဂျရိုမီစပန်းဘာ့ဂ်က ဂျော့သည်ဓာတုကုထုံးကိုခံယူနေကြောင်း အတည်ပြု ပြောဆိုထားသည်။
လုပ်သက်နှစ် ၄၀ကျော်ရှိပြီဖြစ်သော ဒေါက်တာ ဂေဘီမာကင်က “ဂျော့ရဲ့အခြေအနေ ဟာအဆိုးရွားဆုံးမှာ ရှိနေပါတယ်။ ကယ်လိုရီဆုတ်ယုတ်မှုတွေကြောင့် သူ့ရဲ့ကြွက်သားတွေ အားနည်းပျက်စီးကုန်တာဟာ ကင်ဆာရဲ့ဆိုးရွားတဲ့လက္ခဏာတစ်ခုပါ။
သူရဲ့တင်ပါးဆုံ နေရာမှာဆိုရင် ကြွက်သားတွေမရှိတော့ပါဘူး။ သူ့ရဲ့လက်ရှိကိုယ်အလေးချိန် ဟာ ပေါင် ၁၃၀ ထက်ပိုရင် တော်တော်အံ့သြစရာ ဖြစ်လိမ့်မယ်”ဟု သုံး သပ်ပြောဆိုသွားသည်။

ပေါင်စတာလင် ၆ဘီလျှံမျှကြွယ်ဝသည့် ဂျော့ သည် ဖေဖော်ဝါရီ ၇ရက်နေ့က Apple ဋ္ဌာနချုပ်သို့ သွားရောက်ကာ အချိန်ပြည့်အလုပ်ဆင်းခဲ့သေးရာ ၎င်း၏ရဲရင့်မှုကိုလည်း Enquirer က ဂုဏ်ပြုချီး
ကျူးခဲ့သည်။
ပင်ကရိယကင်ဆာသည် အလွန်ပြင်းထန်သောရောဂါတစ်မျိုးဖြစ်ပြီး ယင်း ရောဂါဝေဒနာရှင် ၄ရာခိုင်နှုန်းဟာ ၅နှစ် အထိအသက်ရှင်နိုင်သည်။ ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် အသက် ၅၆နှစ်ပြည့်မည့် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သောဂျော့ဘသည် ၇နှစ်မျှ ကြာအောင်ယင်းကင်ဆာနှင့်ရုန်းကန်နေရသလို ၂၀၀၉ ခုနှစ်က အ သည်းအစားထိုးကုသမှုခံယူရပြီး ကျန်းမာရေးပိုမိုယိုယွင်းလာခဲ့သည်။ ဂျော့ခံစားနေရသောပင်ကရိယကင်ဆာမျိုးကို Ghost စတားဟောလီးဝုဒ်မင်းသား ပက်ထရစ်ဆွေဇီလည်း ခံစားရဖူးပြီး ယင်းရောဂါ ဖြင့်ပင် ကွယ်လွန်ခဲ့ရှာသည်။ သို့သော် ဂျော့ဘ်၏ကင်ဆာသည် ဆွေဇီထက် အင်အားပြင်းထန်မှုနှုန်းလျော့နည်းကြောင်းလည်းသိရသည်။
ဂျော့၏ အလွန်ပိန်ချုံးနေသောဓာတ်ပုံများ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး Apple ကုမ္ပဏီအနေနှင့် တစ်စုံတရာမှတ်ချက်မပေးသေးကြောင်းလည်း သတင်းများကဖော်ပြထားသည်။

Source:DailyMail
Source Article from SHADE Journal

0 comments:

Post a Comment