လွမ်းဆွတ်ခြင်း
မောင်မောင်ငြိမ်းအေးSaturday, 26 February 2011
နဘူးနွယ်တက်၊ သင်ပေါင်းမြက်နှင့်
ဆူးခက်ချုံတွေ၊ ကာဆီးလေသည့်
မြေလိမ်ကောက်ပြေး၊ လမ်းကလေး။
လမ်းကလေးထိပ်၊ ချောင်းညိုရိပ်၌
အိပ်သည့်ယောကျာ်း၊ နိုးထသွားသို့
အားမာန်ထည်စွာ၊ တည်ငြိမ်စွာလျှင်
ရွာသားများစွ၊ ကိုယ်ထူထသည့်
မူလတန်းကျောင်း၊ အိုနွမ်းဟောင်းလျှင်
မပြောင်းမလဲ ရှိနေဆဲ
အမိုးအကာ ပေါက်လို့ပြဲ။
တစ်ချိန်တုန်းက၊ ဤလမ်းမှလျှင်
ရွာ့ကလေးတွေ၊ တပေပေနှင့်
သားရေကွင်းပစ်၊ လောက်စာပစ်နှင့်
ညစ်တီးညစ်ပတ်၊ ရန်ဖြစ်သတ်နှင့်
ပါးစပ်မှဆဲ၊ လက်ကဆွဲနှင့်
တွဲလဲနှပ်ချေး၊ ခမောက်ဆွေးနှင့်
အရေးအဖတ်၊ အတွက်တတ်ဖို့
မရပ်မနား၊ ကျောင်းတက်သွား၏
ရှည်လျားခဲ့ပြီ ကာလသည်
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ
ဤကျောင်းလေးမှ သင်ယူကြသည့်
ပညာ့အမွေ၊ လန်းဆန်းဝေ၍
စိုပြည်ဂုဏ်ဝင့်၊ အခြေမြင့်လျက်
ရွာနှင့် ဤကျောင်း၊ ဤလမ်းကြောင်းကို
စောင်း၍မကြည့်၊ မှတ်မသိသော
တပည့်များစွာ၊ မြို့ ကြီးမှာ
စဉ်းစားကြည့်သော် လွမ်းစရာ။
ဤလမ်းကိုနင်း၊ ဤကျောင်းဝင်းသို့
မပျင်းမရိ၊ ဥာဏ်အသိနှင့်
တပည့်အပေါင်း၊ တတ်စေကြောင်းတွက်
ခေါင်းပေါင်းကိုင်စွဲ၊ တိုက်ပုံမည်းနှင့်
ရင်ထဲသုံးနာ၊ နေ့စဉ်လာ၍
ဆရာစားမျှ၊ မကျန်ရအောင်
ပို့ချမြဲသာ၊ အိုဆရာလည်း
သင်္ခါရနောက်၊ တကောက်ကောက်
မရှိတော့ပြီ၊ ဘယ်ဆီရောက်
ကျောင်းကလေး၊ မျက်ရည်တပေါက်ပေါက်။ ။
မောင်မောင်ငြိမ်းအေး
မြားနတ်မောင်မဂ္ဂဇင်း
၁၉၉၈၊ ဇူလိုင်လ။
(အနီပေါ်က ကြယ်ဖြူပွင့် ကဗျာများမှ....)
Source from http://www.maukkha.org
ဆူးခက်ချုံတွေ၊ ကာဆီးလေသည့်
မြေလိမ်ကောက်ပြေး၊ လမ်းကလေး။
လမ်းကလေးထိပ်၊ ချောင်းညိုရိပ်၌
အိပ်သည့်ယောကျာ်း၊ နိုးထသွားသို့
အားမာန်ထည်စွာ၊ တည်ငြိမ်စွာလျှင်
ရွာသားများစွ၊ ကိုယ်ထူထသည့်
မူလတန်းကျောင်း၊ အိုနွမ်းဟောင်းလျှင်
မပြောင်းမလဲ ရှိနေဆဲ
အမိုးအကာ ပေါက်လို့ပြဲ။
တစ်ချိန်တုန်းက၊ ဤလမ်းမှလျှင်
ရွာ့ကလေးတွေ၊ တပေပေနှင့်
သားရေကွင်းပစ်၊ လောက်စာပစ်နှင့်
ညစ်တီးညစ်ပတ်၊ ရန်ဖြစ်သတ်နှင့်
ပါးစပ်မှဆဲ၊ လက်ကဆွဲနှင့်
တွဲလဲနှပ်ချေး၊ ခမောက်ဆွေးနှင့်
အရေးအဖတ်၊ အတွက်တတ်ဖို့
မရပ်မနား၊ ကျောင်းတက်သွား၏
ရှည်လျားခဲ့ပြီ ကာလသည်
နှစ်ပေါင်းများစွာ ကြာခဲ့ပြီ
ဤကျောင်းလေးမှ သင်ယူကြသည့်
ပညာ့အမွေ၊ လန်းဆန်းဝေ၍
စိုပြည်ဂုဏ်ဝင့်၊ အခြေမြင့်လျက်
ရွာနှင့် ဤကျောင်း၊ ဤလမ်းကြောင်းကို
စောင်း၍မကြည့်၊ မှတ်မသိသော
တပည့်များစွာ၊ မြို့ ကြီးမှာ
စဉ်းစားကြည့်သော် လွမ်းစရာ။
ဤလမ်းကိုနင်း၊ ဤကျောင်းဝင်းသို့
မပျင်းမရိ၊ ဥာဏ်အသိနှင့်
တပည့်အပေါင်း၊ တတ်စေကြောင်းတွက်
ခေါင်းပေါင်းကိုင်စွဲ၊ တိုက်ပုံမည်းနှင့်
ရင်ထဲသုံးနာ၊ နေ့စဉ်လာ၍
ဆရာစားမျှ၊ မကျန်ရအောင်
ပို့ချမြဲသာ၊ အိုဆရာလည်း
သင်္ခါရနောက်၊ တကောက်ကောက်
မရှိတော့ပြီ၊ ဘယ်ဆီရောက်
ကျောင်းကလေး၊ မျက်ရည်တပေါက်ပေါက်။ ။
မောင်မောင်ငြိမ်းအေး
မြားနတ်မောင်မဂ္ဂဇင်း
၁၉၉၈၊ ဇူလိုင်လ။
(အနီပေါ်က ကြယ်ဖြူပွင့် ကဗျာများမှ....)
Source from http://www.maukkha.org
0 comments:
Post a Comment