Then remains of the giant ancient Buddha statues in Afghanistan's Bamiyan Valley after the Taliban destroyed them in 2001. Another ancient Buddhist site along the silk road is under threat from mining(By Afghanistan Matters/ Flicker)
မောင်တောတွင် တာလီဘန်အဖွဲ့နှင့်ဆက်စပ်သူများဟု
သင်္ကာမကင်းသူများ ဖမ်းဆီးခံရမူဖြစ်စဉ်အကျဉ်း
သင်္ကာမကင်းသူများ ဖမ်းဆီးခံရမူဖြစ်စဉ်အကျဉ်း
by နိရဉ္စရာ
3/20/2011
ယခုလ ၄ ရက်နေ့က မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာမှ ရယက ဥက္ကဌဟောင်း ဦးဇော်ဝင်းခေါ် ကာလူကို တာလီဘန်အဖွဲ့နှင့်ဆက်စပ်မူရှိသည်ဟု သတင်းအရ နစက တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှ သူထံမှ အင်္ဂလိပ်လိုရေးသားထားသော အစ္စလာမ်မစ်တာလီဘန် အဖွဲ့ဟု ဆီးလ် တံဆိပ်နှင့် စာရွက်စာတန်းများ ရရှိခဲ့သည်ဟုသိရသည်။
၎င်းနောက်ပိုင်း နစက တပ်ဖွဲ့မှ သူ့အား စစ်ဆေးဖေါ်ထုတ်ရာ တာလီဘန်အဖွဲ့နှင့် ဆက်စပ်သူများဟု ယူဆရသူ လူပေါင်း ၁၀၀ နီးပါးခန့်ကို ဖမ်းဆီးခဲ့သည်။
နစက သတင်းရပ်ကွက်အရ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်၊ အောင်သပြေနှင့် ကွမ်းသီးပင်ကျေးရွာများမှ ရွာသားတချို့ကို အာဖဂန်နစ္စတန် တာလီဘန်အဖွဲ့မှ စေလွှတ်ခြင်းခံရသူဟု ယူဆရသော မော်လဗီ ဟာရုဒ်မှ ဘင်္ဂလာ- မြန်မာနယ်စပ်အနီးရှိ နစက နယ်မြေ (၁) နှင့် (၂) အကြားတွင် ဖေဖေါ်ဝါရီလအတွင်းက လျို့ဝှက်ဖေါက်ခွဲရေးသင်တန်းများ ပေးခဲ့ကြောင်းသိရသည်။
ထိုအထဲမှ မွတ်ဆလင်တဦးက အဆိုပါဖြစ်စဉ်အား နစက တပ်ဖွဲ့သို့ သတင်းပေးရာမှ ဆက်စပ်သူများကို ဖမ်းဆီးအရေးယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ နစက တပ်ဖွဲ့ဝင်များမှ အဆိုပါဒေသအတွင်း လုံခြုံရေးကိုတင်းကျပ်ထားပြီး ညမထွက်ရ ကာဗျူး ထုတ်ထားကာ သင်္ကာမကင်းသူများကို လိုက်လံဖမ်းဆီးမူများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
ဖေါက်ခွဲရေး သင်တန်းပေးခဲ့သူဟု ယူဆရသော မော်လဗီ ဟာရုဒ်မှာ လွတ်မြောက် နေပြီး ဘင်္ဂလာ- မြန်မာနယ်စပ်တွင် တိမ်းရှောင်နေကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမူကြောင့် မသက်ဆိုင်သူများပါ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် လူပ်လူပ်ရွရွ ဖြစ်နေကြောင်း အဆိုပါ ဒေသမှ လာသော သတင်းများအရ သိရသည်။
Source News from http://www.narinjara.com/detailsbur.asp?id=3082
Source Audio from http://www.bbcburmese.com



0 comments:
Post a Comment