+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, March 19, 2011

မြန်မာတချို့ ဂျပန်မှပြန်လာ

Source Photo from http://www.bbcburmese.com/images

မြန်မာတချို့ ဂျပန်မှပြန်လာ

By မမိုးဖြူ
စနေ, 19 မတ် 2011

ဂျပန်နိုင်ငံမှာကျရောက်ခဲ့တဲ့ ငလျင်နဲ့ဆူနာမီရေလှိုင်းကြီးတွေကြောင့် ပျက်စီးသွားခဲ့တဲ့ ဖူကူရှီးမားခရိုင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ အနုမြူဓါတ်ပေါင်းဖိုကနေ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ ပျံ့လွှင့်နိုင်မှု အန္တရာယ်ကြောင့် ဂျပန်နိုင်ငံထဲက ပြန်လည်ထွက်ခွာလာနေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသား တချို့လည်း ပါဝင်ပါတယ်။ ဘန်ကောက်မြို့ကလေဆိပ်အရောက်မှာ ရေဒီယိုသတ္တိကြွမှု စမ်းသပ်ချက်နဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ရန်ကုန်လေဆိပ်မှာတော့ ဘာအစစ်အဆေးမှမရှိဘူးလို့ တိုကျိုကနေ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့သူတဦးက ဆိုပါတယ်။ အပြည့်စုံကို ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြထားပါတယ်။ မမိုးဖြူက တင်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ကြီးမားပြင်းထန်တဲ့ သဘာဝအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ဂျပန်နိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ ဂျပန်ကနေပြောင်းရွှေ့ထွက်ခွာကြတာမှာ မြန်မာနိုင်ငံသားတချို့လည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၁၀ နှစ်လောက် နေထိုင်အလုပ်လုပ်ကိုင်ခဲ့တဲ့ မဖြိုးအိသိန်းက အခုလိုပြောပါတယ်။

“ဆူနာမီနဲ့ငလျင်ဖြစ်တဲ့နေရာကတော့ တိုကျိုနဲ့တော့ဝေးတယ်။ ဒါပေမဲ့ တိုကျိုမှာလည်း ငလျင်လှုပ်သွားတော့။ ကျမ ၁၀ နှစ်နေတဲ့ကာလမှာတော့ အကြီးဆုံးလှုပ်တာပဲပေါ့လေ။ အဲဒီတော့ အိမ်ထဲကနေလည်း ထွက်ပြေးတယ်ပေါ့နော်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ ရထားထဲမှာပိတ်မိနေတာတို့၊ နောက်ပြီးတော့ အလုပ်ထဲမှာတို့၊ မြေအောက်ထဲမှာ ရောက်နေတာတို့ ထွက်ပြေးရတာမျိုးတွေ ရှိပါတယ်။ အပြင်က အပျက်အစီး အများကြီးမရှိပေမဲ့ ရထားလှိုင်းတွေ အကုန်လုံးရပ်သွားတဲ့အတွက်ကြောင့်မိုလို့ လူတွေ သွားရလာရ ဒုက္ခရောက်တာပေါ့နော်။”

ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးခန့်မှန်းချေ ၄ သောင်းလောက် ရှိတဲ့အထဲက တ၀က်ကျော်လောက်ဟာ တိုကျိုမြို့မှာနေထိုင်ကြပြီးတော့ ကျန်တဲ့သူတွေကတော့ အိုဆာကာ၊ နာဂိုယာနဲ့ ကျူချူးဘက်မှာ နေထိုင်ကြတာများတယ်လို့ သိရပါတယ်။

“ကျမလည်း အရမ်းကြောက်ပြီးတော့ နောက်ထပ်လှုပ်မှာက ပထမလှုပ်တာထက်ကို ၇.၉ လောက် မှန်းတယ်ဆိုတာနဲ့ပဲ ကျမက လက်ထဲမှာလည်း လက်မှတ် အဆင်သင့်ရှိတယ်၊ နောက်ပြီး အခွန်ဆောင်ထားတာတွေလည်း ရှိတယ်ဆိုတော့ သံရုံးကိုတော့ သွားစရာမလိုခဲ့ဘူးပေါ့နော်။ ချက်ချင်း လေယာဉ်လက်မှတ်ကို ဘွတ်ကင် လုပ်ပြီးတော့ နောက်ရက်မှာရတယ်ပေါ့လေ။ ဘန်ကောက်ရောက်တော့ ကျမတို့ကို လေယာဉ်ပေါ်ကနေအဆင်းမှာ radiation check လုပ်ပါတယ်။ body ကိုပေါ့နော်။ ပြီးတော့မှ လေဆိပ်ထဲကိုဆင်းရပါတယ်။ ဒီလောက်ပါပဲ။ ရန်ကုန်လေဆိပ်အ၀င်ကတော့ ဘာမှမရှိပါဘူး။ အေးဆေးပါပဲ။”

တိုကျိုမြို့က မကြာသေးခင်ရက်ပိုင်းက ပြန်ရောက်လာခဲ့တဲ့ မဖြိုးအိသိန်း ပြောပြခဲ့တာပါ။

တရုတ်နိုင်ငံ ဆင်ဝှါသတင်းဌာနနဲ့ အပတ်စဉ်ထုတ် Voice သတင်းဂျာနယ်တွေမှာပါတဲ့ သတင်းတွေအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဂျပန်က ၀င်ရောက်လာသူတွေကို ရေဒီယိုသတ္တိကြွဓါတ် ကင်းစင်မှုရှိမရှိ စစ်ဆေးဖို့ မတ်လ ၁၈ ရက်နေ့ လေကြောင်းခရီးစဉ်ကစတင်လို့ ကျန်းမာရေးနဲ့ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာနတို့က ပူးပေါင်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ဆိုပါတယ်။



Find this article at:
http://www.voanews.com/burmese/news/Japan-radiation-03-19-11-118295064.html


Source Audio from http://www.bbcburmese.com

0 comments:

Post a Comment