+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, March 10, 2011

အနောက်တိုင်း ဒီမိုကရေစီ တရုတ် ကျင့်သုံးမည်မဟုတ်

ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ လက်ခံကျင့်သုံးမှာ မဟုတ်တဲ့ Wu Bangguo
Source Photo from http://www.google.com/images

အနောက်တိုင်း ဒီမိုကရေစီ

တရုတ် ကျင့်သုံးမည်မဟုတ်


By ဗွီအိုအေ (မြန်မာဌာန)
ကြာသပတေး, 10 မတ် 2011

တရုတ်နိုင်ငံ အနေနဲ့ ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ လက်ခံကျင့်သုံးမှာ မဟုတ်သလို အနောက်နိုင်ငံတွေလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်မှာမဟုတ်ဘူးလို့ တရုတ် ထိပ်တန်းခေါင်းဆောင် တယောက်က အလေးအနက် ကြေညာသွားပါတယ်။

ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် ညီလာခံ မိန့်ခွန်းမှာ ညီလာခံ သဘာပတိ ၀ူဘန်ဂေါင်း (Wu Bangguo) က အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

ပါတီစုံစနစ် ဒီမိုကရေစီကို ဘယ်တော့မှ ကျင့်သုံးမှာ မဟုတ်ဘူး ဆိုတာကို တရုတ်ခေါင်းဆောင်ကြီးတွေက အလေးအနက် ကြေညာထားပြီး ဖြစ်တယ်လို့ မစ္စတာဝူက ကိုယ်စားလှယ်တွေကို ပြောပါတယ်။

အစိုးရရဲ့ ယန္တရား ၃ ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ခွဲဝေအုပ်ချုပ်တာမျိုး၊ တခါ ဒေသဆိုင်ရာ ပြည်နယ်အစိုးရတွေကို ကျယ်ကျယ်ပြန့်ပြန့် အာဏာအပ်နှင်းတဲ့ ဖက်ဒရယ်ပုံစံ စနစ်ကိုလည်း လုပ်မှာမဟုတ်ဘူးလို့ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် စည်းဝေးပွဲ သဘာပတိက နှစ်ပတ်လည် ညီလာခံမှာ မိန့်ခွန်းပြောကြားသွားပါတယ်။




Find this article at:
http://www.voanews.com/burmese/news/china-politics-117734674.html

0 comments:

Post a Comment