+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, March 11, 2011

ကုန်တင်ကားများ တန်ချိန်ပို တင်ဆောင်ခွင့် ပြန်လည်ရရှိ

Source Photo from http://www.google.com/images

ပြည်တွင်းကုန်တင်ကားများ

တန်ချိန်ပို တင်ဆောင်ခွင့် ပြန်လည်ရရှိ

2011-03-10

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့- အာဆီယံ ရဲ့ မူအရ ကုန်တင်ကားတွေ ကုန်ချိန်အတိအကျ အတိုင်း တင်ဆောင်ပြေးဆွဲနေကြရာက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ချက် လျှော့ပေါ့ပြီး မတ်လ ၁၀ ရက် ဒီနေ့ကစလို့ အရင်လိုပဲ တန်ချိန်ပို တင်ဆောင်ခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။

တန်ချိန်ကိုက် ကုန်တင်ရတဲ့အခါ ယာဉ်ပိုင်ရှင်တွေရော ကုန်သည်တွေရော တွက်ခြေမကိုက်ပဲ ဈေးနှုန်း အဆင့်ဆင့် တင်ရပြီး နောက်ဆုံး စားသုံးသူတွေပဲ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ခံရတာမို့ အာဏာပိုင်တွေဖက် ပြန်လည် ဦးလှည့်လာမှာ စိုးရိမ်ပြီး တန်ချိန်ပို ပြန်တင်ခွင့် ပေးဟန်တူတယ်လို့ ရန်ကုန် စာနယ်ဇင်းသမား တဦးက ပြောပါတယ်။

“တန်ပိုတွေ အကုန်လုံး ကင်းလွတ် ပြန်ပေးလိုက်ပြန်ပြီ။ သတ်မှတ်ထားတဲ့ တန်ပိုထက် ပိုတင်ရင် ဒဏ်ရိုက်မယ်တောင် ပြောတာကိုး။ အခုက လုံးဝ ကင်းလွတ်သွားပြန်ပြီ။ Transport စရိတ်တွေ တက်လာတယ်လေ။ အဓိက ဒီ charges တက်လာတာတွေကို ပြန်ထိန်းတဲ့ ဥစ္စာမှာ ဒီတပေါက်ကို တွေ့လို့ ဒီဥစ္စာကို လုပ်လို့ရလို့ သူတို့ လုပ်တာပေါ့။ ဒါက သူတို့ နိုင်တဲ့ ကိစ္စလေ။ တင်တာ သူ့ဟာသူ တင်ပလေ့စေပေါ့။ ဟုတ်တယ် မဟုတ်လား။ ဒါကို လွှတ်ပေးတာပဲ။ သူတို့ effect ဖြစ်မှာ စိုးလို့ပါ။ စီးပွား ကူးသန်းက လုပ်တာ။”

ကုန်ပစ္စည်းတွေကို သတ်မှတ် တန်ချိန်ကိုက် တင်ဆောင်ဖို့ မနစ်က စက်တင်ဘာမှာ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တပြည်လုံး လိုက်နာခဲ့ရပြီး ကုန်ဈေးနှုန်းတွေ ပိုတက်လာပါတယ်။

အာဆီယံ စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် သယ်ယူပို့ဆောင်ရေး၊ ပြန်ကြားရေး၊ ဆက်သွယ်ရေးနဲ့ နည်းပညာနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ ထိုင်းနိုင်ငံမှာ ၂၀၀၉ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီမူအရ ကုန်တင်ကားတွေကို တန်ချိန်ကိုက် တင်ဆောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment