+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, March 22, 2011

ဘယ်လိုလဲကွ

ဘယ်လိုလဲကွ
(မင်းစိုးစံ)

အကြောင်းမကြားပေမယ့်
ရောက်နေမယ်ဆိုတာသိပြီးသား။

အနှောင့်အသွားမလွတ်တဲ့
ဓါးသွားလိုစကားမျိုးချဲ့ထွင်
ငါ့မာနကိုမင်းရိုက်ချိုးချင်တယ်ပေါ့။

နံကြားကသွေးကိုထုတ်
ဓါးသွားကိုမင်းပြန်မနှုတ်မိစေနဲ့။

သိမ်ဖျင်းတဲ့မင်းစိတ်ဓါတ်
သွေးခင်းတဲ့တော်လှန်လမ်းတလျှောက်
ဝက်ပေါက်လိုမင်းဝမ်းစူစူကြီးက
ဘာကိုပြနေလဲဆိုတာ
လူတွေအလိုလိုသိနေကြပါတယ်။

ဒီတော့ကွာ
ဘဲဥလည်းစားပါ
ဘဲစာလည်းကျွေး
လိပ်အတွေးသက်သက်နဲ့
ခေါင်းဆောင်တက်လုပ်မနေနဲ့။

မနက်ဖြန်ဆိုတာ
မသေခြာဘူးနော်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment