+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, April 8, 2011

သင်္ကြန် မဏ္ဍပ် တစ်ခု သိန်း ၁၅၀

Source Cartoon from http://www.news-eleven.com


သင်္ကြန်မဏ္ဍပ်တစ်ခုဆောက်ချင်ရင်

သိန်း၁၅၀ပိုက်ထားရမည်

by မန္တလေးအာရုဏ်ဦး
Wednesday, 06 April 2011

သင်္ကြန်တွင် သင်္ကြန် မဏ္ဍပ် ဆောက်ချင် သူများ မနှစ်က သင်္ကြန်၏ မဏ္ဍပ် ဆောက်လုပ် စရိတ် ခန့်မှန်း ခြေအရ ဒီနှစ်တွင် အနည်း ဆုံးသိန်း ၁၅၀ ကိုင်ပြီးမဏ္ဍပ် ဆောက်လုပ် နိုင်သည်ဟု သင်္ကြန် မဏ္ဍပ်စပွန်ဆာ Jade ကိုထွန်း ခင်ထံမှသိရသည်။ "ခါတိုင်း နှစ်က တစ်လုံးကို မဏ္ဍပ်အကြီး အသေး ပေါ်မူတည်ပြီး ၁၀ဝ၊ ၁၅၀ လောက် ကုန်တယ်။ ဒီနှစ် နည်းနည်း မြင့်တယ်။ ဘယ် လောက်မြင့်မ လဲဆိုတော့ တစ်သိန်း ကျော် လောက်မြင့် မလဲဆို တော့ တစ်သိန်း ထွန်းက ယခင်နှစ်ကာလ ဈေးနှုန်း နှင့် ယခုနှစ်ကာလ ဈေး နှုန်းကို နှိုင်း ယှဉ်ပြီး သုံးသပ် ပြသည်။

၂၀၁၀ သင်္ကြန်၏ ရိုက်ခတ်မှု ကြောင့် ဒီနှစ် သင်္ကြန်တွင် မဏ္ဍပ်ကြီ များနည်း နိုင်ပြီး မနှစ်က သင်္ကြန် တွင် မဏ္ဍပ်ကြီး ၄၆ ခုရှိကာ ရန် ကုန်မြို့အခြား နေရာများတွင် မဏ္ဍပ် အသေး များစွာ ရှိကြောင်း သိရသည်။ "ဒီနှစ် ကျွန်တော်ကြားတာ ခန့်မှန်းခြေ ၃၁ လုံးလိုးကြားတယ်။ အဲဒါ ဆိုရင် မနှစ်က လောက်မများနိုင် ဘူး။ မဏ္ဍပ်နည်းတော့ မဏ္ဍပ်ပိုင် ရှင်တွေ အမြက် များများ ရနိုင်မယ် ထင်တယ်။ ဘာလို့လည်းဆို တော့ မဏ္ဍပ်နည်းတော့ လူတွေပြုံပြီးရောက် လာနိုင်တယ်။

ကျွန်တော်ထင် တယ်အကြိုအကျပြီးရင် လူတွေပြုံ ကျလာနိုင်ပြီး မဏ္ဍပ်တစ်လုံးကိုလူ အယောက် ၅၀ဝ လောက်တက် လာနိုင်တယ်"ဟု ကိုခင်ထွန်းက ရှင်းပြသည်။ "ဒီနှစ် သွေးအေး နေတယ်။ ခုချိန်ထိ မဏ္ဍပ် ဆောက်ဖို့ လာအပ် တာနှစ်ဦးပဲ ရှိသေးတယ်။ မနှစ်က ဆိုလက်မှတ် တောင် တစ်ဝက်လောက် ရောင်းပြီးနေပြီ။ ခုဟာက ဘာမှ ရေရေရာရာ မသိသေးဘူး" ဟု၎င်း ကဆက်လက် ပြောကြားသည်။ မဏ္ဍပ် ဆောက်လုပ်ပြီး မဏ္ဍပ် လုံခြုံရေး ဆောင်ရွက်မှုအား Jade ကိုထွန်းခင်ကို ထပ်မံ မေးမြန်းကြည့် ရာ- "ဒီနှစ် မဏ္ဍပ် အကြီးတွေ အားလုံးလုံခြုံရေး ကင်မရာ(CCTV) တွေ တပ်ဆင် ထားရမယ်။ကျွန်တော် တို့ မဏ္ဍပ်ဆောက် လုပ်သူ တွေက လည်း မဏ္ဍပ်ဆောက်ပြီးတာနဲ့ ဝါရင့် သမ္ဘာရင့် လုံခြုံရေး ၅ ယောက် ကို မဏ္ဍပ်အောက်ခြေအပြင်စည်း ကနေ စောင့်ရှောက်ဖို့ ချ ထားပေးမှာ ပါ။ အတွင်းစည်း မဏ္ဍပ် အပေါ် ပိုင်းကတော့ မဏ္ဍပ်ပိုင်ရှင်တွေဆောင် ရွက်မှာပါ" ဟု ပြောကြားခဲ့သည်။

သင်္ကြန် မဏ္ဍပ်ဆောက်လုပ် ချင်သူများမဏ္ဍပ်စပွန်ဆာ Jaha ကိုခင်ထွန်း အားဆက်သွယ်မေး မြန်းနိုင်ပြိး ဆောက်လုပ်မည့် မဏ္ဍပ် တွင် မီးအလှဆင်၊ ရေ၊ DJ man အသံချဲ့စက်များပါဝင်ပြီး မဏ္ဍပ် အကြီးအသေးပေါ် မူတည်၍ မီးခိုး မှုတ်ဆက် ၂ လုံး၊ လေဆာ ၂ လုံး၊ Flash gun ၁၀ လုံး၊ ခြောက် ထောင့်မီး ၊ ရောင်စုံဘောလုံး လိုအပ် ရင် Alert မီးများပါတပ်ဆင် ပေးကာ၊ ရေပိုက် ၂၀ဝ မှ ၄၀ဝ ကြား၊ မီးသတ်ပိုက် ၂ ချောင်းမှ ၄ ချောင်းအထိပါဝင်ပြီးယင်းပစ္စည်း များ၊ မဏ္ဍပ်ဆောက်ရန် (သစ်များ) လည်းငှားပေးကြောင်းသိရသည်။ Jade ကိုခင်ထွန်းအားဆက် သွယ်ချင်သူများ အမှတ်(၁၉/၇- က)၊ ယောမင်းကြီးလမ်း(သမ္မတ ရုပ်ရှင်ရုံအနီး) ဖြစ်ပြီး

ဖုန်း-ဝ၉၅ ၁၈၂၅၉၉၊ ဝ၉၈၆၁၉၃၉၉၊ ဝ၉၇၃ ၁၁၀၇၉၉ တို့ဖြစ်သည်။

သတင်းရင်းမြစ် မန္တလေးအာရုဏ်ဦး

0 comments:

Post a Comment