အသည်းကွဲတဲ့ အရသာ
by ဇင်မာမြင့်
Health Digest
Wednesday, 06 April 2011
ရာစုနှစ် ပေါင်းများစွာ ကဗျာ ဆရာတွေ၊ တေးသီချင်း ရေးဆရာတွေဟာ အသည်းကွဲလို့ ရင်ကွဲ ပက်လက်ဖြစ်ရတဲ့ အကြောင်း တွေကို ရေးစပ်သီကုံးခဲ့ ကြပါတယ်။ သို့သော် လည်း သိပ္ပံပညာရှင် များက ကိုယ်ချစ်သလို ပြန်လည် ချစ်ခင်လာခြင်း မရှိတဲ့ အတွက် ခံစားရတဲ့ ပြင်းစွာသော နာကျင်မှုဟာ သာမန် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု တစ်ခုထက် ပိုမို သာလွန်ကြောင်း ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။
သုတေသန ပြုချက်အရ ရည်းစားနဲ့ ပြတ်သွားလို့ အသည်းကွဲ လွမ်းဆွတ် နေရသူ တစ်ယောက်ရဲ့ ဦးနှောက် ဧရိယာတွင် ကိုယ်ကာယ ပိုင်းဆိုင်ရာ (အပူလောင်ခြင်း ကဲ့သို့သော) နာကျင်မှုကို ဖြစ်ပေါ်ခံစား စေတဲ့ လှုံ့ဆော်မှု တွေ ဖြစ်ပေါ်နေပါတယ်။၎င်းတွေ့ရှိ ချက်ဟာ ရည်းစား ပူမိတဲ့ အသည်းကွဲ ဒဏ်ရာဟာ ဘာကြောင့် အချိန်တော်တော် ကြာအောင် ခံစားနေရသလဲ ဆိုတာကို ကူညီရှင်း ပြနိုင်ပါတယ်။ အဲဒီလေ့လာမှုဟာ အမေရိကန် နိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၄၀ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
၎င်းတို့ဟာ သူတို့ရဲ့ ဆန္ဒမပါဘဲ သူတို့ရဲ့ ချစ်သူတွေရဲ့ လက်တွဲဖြုတ် ခြင်းကို ခံခဲ့ကြရသူများ ဖြစ်ပါတယ်။ သူတို့ကို ပုံတွေ အမျိုးမျိုး ကြည့်စေပြီး သူတို့ ဦးနှောက်တွေကို ဓာတ်မှန် ရိုက်ထားခဲ့ ကြပါတယ်။ ၎င်းတို့ရဲ့ ပြောဆို ချက်အရ ရည်းစားဟောင်းရဲ့ ဓာတ်ပုံကို ကြည့်တာ ရိုးရိုးသူငယ်ချင်း အကြောင်း စဉ်းစားတာထက် ပိုမိုနာကျင် ရပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အသည်းကွဲ လွမ်းဆွတ်တဲ့ အတွေးတွေဟာ မီးပူလောင် ခံရသလိုပဲ နာကျင်ရ ပါတယ်တဲ့။
အဲဒီဓာတ်မှန် တွေကိုခွဲခြမ်း စိတ်ဖြာ ကြည့်လိုက်တဲ့ အခါမှာလည်း အဲဒီနာကျင်မှု နှစ်ခုစလုံးကို ဦးနှောက်ရဲ့ နေရာတစ်ခုတည်း ကပဲ အလုပ်လုပ်ပေးနေကြောင်း သိရပါတယ်။ နောက်ထပ် တွေ့ရှိခဲ့ တာကတော့ အသည်း ကွဲတာကြာလာ သည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုကို ထိန်းချုပ်ထားတဲ့ ဦး နှောက်အပိုင်း တွေမှာလည်း လှုံ့ဆော်မှုတွေ သိပ်မဖြစ် တော့ဘူးတဲ့။ ဆိုလိုတာကတော့ ကြာလာတာ နဲ့အမျှ တဖြည်းဖြည်း အဟောင်းကို မေ့သွားမှာ ပါဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
(ဇင်မာမြင့်)
S0urce from Health Digest
0 comments:
Post a Comment