+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, April 4, 2011

တရားစီရင်ရေး စနစ်သစ် စပြီ

ပြည်ထောင်စုတရားလွှတ်တော်ချုပ် အဆောက်အဦး

တရားစီရင်ရေးစနစ်အား ပြောင်းလဲနိုင်ရန် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက် နေ့တွင် ဥပဒေအမှတ် ၂၀/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။

ယင်းဥပဒေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့ မှစတင်၍ အာဏာတည် စေရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိုးပိုင်အိမ်ပိုင်မရှိသော အိမ်ထောင်စုပေါင်း ၁၄၃ စုအား ရခိုင်ပြည်နယ် စစ်တွေမြို့သို့ မတ်လ ၂၈ ရက်နေ့က မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း (တောင်ကြီး) ဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တရားသူကြီးများကို တွေ့ရစဉ် Photo: MNA

ရခိုင်ပြည်နယ်သည် လယ်ယာမြေပေါများပြီး ရေထွက်သယံဇာတပစ္စည်းများ ပေါများသော ဒေသတစ်ခု ဖြစ်သောကြောင့် နေရာသစ်တွင် အိုးပိုင်အိမ်ပိုင်များဖြင့် အခြေတကျဖြစ်စေရန် ရည်ရွယ်ကာ ပြောင်းရွှေ့စေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးမှ အိုးပိုင်အိမ်ပိုင် မရှိသူများအား ရခိုင်ပြည်နယ်သို့ ပြောင်းရွှေခဲ့သည့် အစီအစဉ်ကို ၁၉၉၉ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ အိမ်ထောင်စု ၁၈၀၉ စု၊ လူဦးရေ စုစုပေါင်း ၆၂၃၃ ဦးကို ပို့ဆောင်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ယခု (၁၉)ကြိမ်မြောက် ပြောင်းရွှေ့ခဲ့သည့် အစီအစဉ်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ အနောက်ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ တောင်ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ မြောက်ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ ရဲတပ်ဖွဲ့မှ အိမ်ထောင်စု ၁၄ စုနှင့် အကျဉ်းဦးစီးမှ အိမ်ထောင်စု ၆၁ စု၊ အိမ်ထောင်စုပေါင်း ၁၄၃ စုမှ လူဦးရေ ၄၂၂ ဦး ပါဝင်ကြောင်း သိရသည်။

ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအား ငွေသားထောက်ပံ့မှု အနေဖြင့် အိမ်ထောင်စုဝင် ငါးဦးနှင့်အထက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၀၀၀၀ နှုန်း၊ အိမ်ထောင်စုဝင် ငါးဦးအောက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းနှင့် လိုအပ်သည့် အိမ်သုံးပစ္စည်း အချို့ကိုလည်းထောက် ပံ့ပေးခဲ့သည်။

0 comments:

Post a Comment