အရပ်သားအစိုးရအပေါ် အမြင်များ
by The Voice Journal
Friday, 01 April 2011
အရပ်သားအစိုးရ ဖြစ်လာတာကို ကြိုဆိုပါတယ်။
ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းမယ်ဆိုတာကို ယုံကြည်လောက်တဲ့ ပွင့်လင်းမြင်သာမှု
တွေရှိဖို့လိုပါတယ်။
ဘာမှအပြောင်းအလဲဖြစ်မှာမဟုတ်ဘူး။ ဒီအတိုင်းပဲနေမှာပါလို့ အဆိုးမြင်လို့မရသလို အရမ်းကို အကောင်းမြင် လို့လည်းမရပါဘူး။
သူတို့ရဲ့လုပ်ရပ်ကို ကြည့်ပြီးမှ ပြောလို့ရပါတယ်။
ဒေါ်သန်းသန်းနု
အထွေထွေအတွင်းရေးမှူး
(ဒီမိုကရက်တစ်ပါတီ-မြန်မာ)

အခုလို အရပ်သားအစိုးရပေါ်ပေါက်လာတာကို ကောင်းမွန်သော အပြောင်းအလဲအတွက် ကြိုဆိုပါတယ်။ ပြည်သူတွေ လိုလားတောင့်တတဲ့ဆန္ဒတွေကို ဖော်ဆောင်ပေးနိုင်မယ့် အစိုးရဖြစ်လာခဲ့မယ်ဆိုရင် ပိုကောင်းမှာပါ။
ဒေါက်တာသန်းငြိမ်း
ဥက္ကဋ္ဌ
(NDF)
နှစ်ပေါင်း ၂ဝ နီးပါးကာလအတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်အကြီးအကဲရဲ့ မိန့်ခွန်းကို ကြားရတာပါ။
အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် အခြေခံဥပဒေကိုလက်မခံတဲ့ အင်အားစုတွေရဲ့သံသယ တွေကို ဖြေဖျောက်ဖို့လုပ်ဆောင်ရမယ်ဆိုတာကိုလည်း အနိမ့်ဆုံးအဆင့်သဘောပေါက်ကြောင်း မိန့်ခွန်းမှာ တွေ့ခဲ့ရပါတယ်။
ဈေးကွက်စီးပွားရေးနဲ့ပတ်သက်ပြီး ပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်း နားလည်ထားတဲ့အချက် တွေ့ရတယ်။ အထူးသဖြင့် လက်ဝါးကြီးအုပ်မှုနှင့် အခွင့်ထူးခံကိစ္စတွေ ဖြေရှင်းမယ်လို့ပြောခဲ့တာ ထူးခြားပါတယ်။ နိုင်ငံတော်သမ္မတသစ် Honeymoon ကာလကလည်း သဘောပေါက်ဖို့လိုပါတယ်။
ဒေါက်တာနေဝင်းမောင်
"ဘယ်လိုပဲပြောပြော ဒါဟာ အရပ်သားအစိုးရပဲ။အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် အခြေခံဥပဒေကိုလက်မခံတဲ့ အင်အားစုတွေရဲ့သံသယ တွေကို ဖြေဖျောက်ဖို့လုပ်ဆောင်ရမယ်ဆိုတာကိုလည်း အနိမ့်ဆုံးအဆင့်သဘောပေါက်ကြောင်း မိန့်ခွန်းမှာ တွေ့ခဲ့ရပါတယ်။
ဈေးကွက်စီးပွားရေးနဲ့ပတ်သက်ပြီး ပြုပြင်ဖို့လိုတယ်ဆိုတာကိုလည်း နားလည်ထားတဲ့အချက် တွေ့ရတယ်။ အထူးသဖြင့် လက်ဝါးကြီးအုပ်မှုနှင့် အခွင့်ထူးခံကိစ္စတွေ ဖြေရှင်းမယ်လို့ပြောခဲ့တာ ထူးခြားပါတယ်။ နိုင်ငံတော်သမ္မတသစ် Honeymoon ကာလကလည်း သဘောပေါက်ဖို့လိုပါတယ်။
ဒေါက်တာနေဝင်းမောင်
တို့နိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို ကြည့်လိုက်ရင် ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်လာမယ်လို့တော့ ယုံကြည်တယ်။
ဒီအပေါ်မှာ အများကြီး အားထားမျှော်လင့်ကြပါတယ်။
တို့နိုင်ငံမှာ အရည်အသွေးရှိပြီး ထက်မြက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီးရှိပါတယ်။ လူမျိုးအနေနဲ့ပြောရရင် စံမီတဲ့လူမျိုးပါ။
ဘာဖြစ်လို့ သူများနဲ့တန်းတူမရောက်ဘဲ နောက်ကျကျန်ခဲ့ရတယ် ဆိုတာကို အဖြေရှာသင့်တယ်။
ဘယ်သူတွေကြောင့် ဆိုတာကိုတော့ ပုံမချနဲ့တော့။
ယခုတက် လာတဲ့အစိုးရကို ဒီမိုကရေစီအစိုးရလို့ပဲ နားလည်တဲ့အတွက် ဒီမိုကရေစီကျင့်စဉ်ကို အပြည့်အဝ လိုက်နာကျင့်သုံးတဲ့အစိုးရ ဖြစ်စေချင်တယ်။
နိုင်ငံအတွက် ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်မယ့်သူတွေဟာ အရည်အချင်းပြည့်စုံတဲ့သူ ဖြစ်ဖို့တော့ မဖြစ်မနေလိုအပ်တယ်။
ရွေးချယ်ခံထားပြီးဖြစ်တဲ့အတွက် အရည်အချင်းမရှိလည်း ရှိအောင်လုပ်ရမယ်။
အရွေးချယ်ခံပုဂ္ဂိုလ်တွေနဲ့ နိုင်ငံ့ဝန်ထမ်းအားလုံးဟာ နိုင်ငံကောင်းစားဖို့အတွက် အရေးကြီးဆုံးထားရမယ့် စိတ်ထားက ကိုယ်ရောက်တဲ့နေရာမှာ အကောင်းဆုံးလုပ်ပေးကြဖို့ပါ။
နယ်ပယ်တိုင်းမှာတိုးတက်ဖို့ အမှန်တကယ်လိုအပ်နေပါတယ်"
ဒေါက်တာထွန်းလွင်
(မိုးလေဝသပညာရှင်)
0 comments:
Post a Comment