ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)နဲ့ သန့်ရှင်းသောအစိုးရ (Clean Governance) ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်
အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံးလုပ်ငန်းစဉ် ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance)
နဲ့ သန့်ရှင်းသောအစိုးရ (Clean Governance) ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။
အစိုးရအဖွဲ့ရဲ့ ဒုတိယလုပ်ငန်းစဉ်ကတော့ ဒီမိုကရေစီကျင့်စဉ် (Democratic Practices)များ ထွန်းကားရေးပဲဖြစ်။
ပြည်သူ့ဆန္ဒသဘောထားနဲ့ လိုအပ်ချက်များကိုလည်း အလေးထားဖို့လို
မိမိတို့အစိုးရအဖွဲ့ဟာ ပြည်ထောင်စုလွှတ် တော်မှတစ်ဆင့် ပြည်သူများကို တာဝန်ခံရတဲ့ အဖွဲ့ အစည်းဖြစ်တာကြောင့် ပြည်သူ့ဆန္ဒသဘောထားနဲ့ လို အပ်ချက်များကိုလည်း အလေးထားဖို့လိုအပ်။
စာနယ်ဇင်းများရဲ့အခန်းကဏ္ဍ အလေးထား
စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့အခန်း ကဏ္ဍကို အလေးထားဖို့လိုအပ်ပါတယ်။ စာနယ်ဇင်း များမှတစ်ဆင့် ပြည်သူတွေသိသင့်တဲ့အချက်များကို အသိ ပေးသွားဖို့လိုသလို စာနယ်ဇင်းများက အပြုသဘော ဆောင်အကြံပြုချက်များကိုလည်း အလေးထားဖို့လိုအပ် မှာဖြစ်။
အုပ်ချုပ်မှုစနစ်ကောင်းမွန်တဲ့
(Good Governance)၊ သန့်ရှင်းတဲ့
(Clean Governance)အစိုးရဖြစ်ဖို့
အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်း အ၀ိုင်းအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ထွက် လာတဲ့ အစိုးရအဖွဲ့ရဲ့ပုံသဏ္ဌာန်က ဘာလဲ၊ လုပ်ငန်း တာဝန်တွေကို ဘယ်လိုထမ်းဆောင်မှာလဲ။ ပြည်ထောင် စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့ များရဲ့ ဆက်ဆံမှု၊ ပေါင်းစပ်ညှိနှိုင်းမှုအခြေအနေက ဘယ်လိုလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်နေကြ ပြီဖြစ်ပါတယ်။ မိမိတို့အစိုးရဟာအုပ်ချုပ်မှုစနစ်ကောင်း မွန်တဲ့(Good Governance)အစိုးရဖြစ်ဖို့ လိုပါတယ်။ သန့်ရှင်းတဲ့(Clean Governance) အစိုးရကောင်းတစ် ရပ်ဖြစ်။
ပြည်သူကို အလုပ်အကျွေးပြုကြရမှာဖြစ်ပါတယ်
အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့အတွက် စီမံခန့် ခွဲမှုကောင်းဖို့လိုပါတယ်။ အုပ်ချုပ်မှုကောင်းဖို့လိုပါတယ်။ ပြည်သူတွေအပေါ် စေတနာထားရပါမယ်။ ပြည်သူရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရပါမယ်။ ပြည်သူ ကို အလုပ်အကျွေးပြုကြရမှာဖြစ်။
သန့်ရှင်းတဲ့(Clean Governance)ဖြစ်ဖို့ အတွက်တော့ အဂတိတရားကင်းရှင်းဖို့လို
သန့်ရှင်းတဲ့ (Clean Governance)ဖြစ်ဖို့ အတွက်ကတော့ အဂတိတရား ကင်းရှင်းဖို့လိုအပ်ပါတယ်။ လာဘ်ပေးလာဘ်ယူခြင်းဟာ တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းကြောင့် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိတာဝန်ယူရတဲ့ အဖွဲ့အစည်း အားလည်းကောင်း ကင်းကင်းရှင်းရှင်းရှိအောင် ထိန်း ကျောင်း ကြပ်မတ်သွားကြဖို့လိုအပ်ပါတယ်။ နိုင်ငံတော် က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး မိမိအပေါင်းအသင်းရောင်းရင်းတွေဖြစ်လို့ အခွင့်အရေး ပိုပေးတာတွေ၊ မိမိရဲ့ဆွေမျိုးသားချင်းတွေဖြစ်လို့ အခွင့် အလမ်းတွေ ပိုပြီးဖန်တီးပေးတာတွေမလုပ်မိဖို့ အထူး အရေးကြီးပါတယ်။ ဒါတွေကိုရှောင်ကြဉ်နိုင်မှ သန့်ရှင်း တဲ့ (Clean Governance)အဖြစ် မှတ်ကျောက်တင်ခံ ကြရမှာဖြစ်။
တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက်နေရတဲ့
လက်လုပ်လက်စားသမားတွေ၊
အလုပ်အကိုင်မရှိသူတွေ ရှိနေဆဲ
ကျွန်တော်တို့တိုင်းပြည်ဟာ ကြွယ်ဝချမ်းသာ တဲ့ တိုင်းပြည်အဆင့်ကို မရောက်သေးဘူးဆိုတာ အား လုံး အသိပဲဖြစ်ပါတယ်။ ယခင့်ယခင်ကနဲ့စာရင် တပ် မတော်အစိုးရလက်ထက်မှာ တိုးတက်လာတာမှန်သော် လည်း စားဝတ်နေရေး ပြည့်စုံဖူလုံမှုမရှိသူတွေ၊ တစ်နေ့ စာ တစ်နေ့ ရှာဖွေစားသောက်နေရတဲ့ လက်လုပ်လက် စားသမားတွေ၊ အလုပ်အကိုင်မရှိသူတွေ ရှိနေဆဲဖြစ် ပါတယ်။ ဒီလိုဆင်းရဲနွမ်းပါးသူတွေရှိနေလျက်နဲ့ နိုင်ငံ တော်ကို ဦးစီးဦးဆောင်ပြုကြမယ့်ကျွန်တော်တို့ အဆင့် ဆင့်သော အစိုးရအဖွဲ့အနေနဲ့ ရသင့်ရထိုက်တဲ့အခွင့် အရေးဆိုသော်လည်း ဒီအခွင့်အရေးတွေကို အပြည့်အ၀ မယူသင့်ကြဘူးလို့ယူဆ။
လစာနှင့် ပင်စင်လစာတို့ကိုလည်း
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍
သင့်လျော်သော အချိန်ကာလအတွင်း
တိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်
နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့် ပင်စင်လစာ တို့ကိုလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲနေသော ငွေကြေး အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ကုန်ဈေးနှုန်း အခြေအနေ၊ တစ်မျိုးသားလုံး၏ အသားတင်ထုတ်လုပ် မှုနှင့် ၀န်ဆောင်မှုတန်ဖိုးတို့ကို ထည့်သွင်းစဉ်းစားပြီး သင့် လျော်သောအချိန်ကာလတွင် တိုးမြှင့်ဆောင်ရွက်ပေး သွားမှာဖြစ်။
Source: yangon time
Category: Political Time
|
Friday, April 8, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment