ယခင် ခမာနီထောင်မှူးဟောင်းကို
ရုံးတင်စစ်ဆေးမှုစတင်
ရုံးတင်စစ်ဆေးမှုစတင်
by (အေအက်ဖ်ပီ)
ဇော်ဝင်း ဘာသာပြန်သည်။
ကုလသမဂ္ဂ နောက်ခံ ကမ္ဘောဒီးယား စစ်ရာဇ၀တ်တရားရုံးက ယခင်ခမာနီ ထောင်မှူးဟောင်းဖြစ်သူ ဒုခ်ျအားစတင်ကြားနားစဉ်လွန် ခဲ့သော တနင်္လာနေ့၌ ဒုခ်ျ၏ရှေ့နေများက ၎င်းအပေါ်ချမှတ်ထားသည့်ထောင်ဒဏ် နှစ် ၃၀ ကိုအသနားခံကာ လွတ်ငြိမ်းချမ်းသာခွင့်၊
တောင်းဆိုလိုက်သည်။
အမည်ရင်း ခိုင်ဂူအက်အိဗ်ဖြစ်သည့်ဒုခ်ျသည် ၁၉၇၀ ပြည့်နှစ်များကနာမည်ဆိုးထွက်သော တူရိုစလန်း (Tuol Sleng) အကျဉ်းထောင် ၌ လူပေါင်းတစ်သောင်းခွဲခန့်အား လူမဆန်သည့် သေဒဏ်ပေးမှု များအားကွပ်ကဲခဲ့သော စစ်ရာဇ၀တ်မှု များအား ကျူးလွန်ခဲ့သည်ဟု ယမန်နှစ် ဇူလိုင်လက တွေ့ရှိခဲ့သည်။
ဒုခ်ျသည် နိုင်ငံတကာခုံရုံးတွင် အစစ် ဆေးခံရသည့် ပထမဆုံးသော ခမာနီ အဖွဲ့ဝင်ဖြစ်သည်။ ၎င်းအမှုအား ကြားနာစစ်ဆေးစဉ် တစ် လျှောက်လုံး ဒုခ်ျသည် အက်စ်-၂၁ ဟု လူသိများသော တူရိုစလန်းထောင်လူသတ်မှုများအား ကွပ်ကဲခဲ့ခြင်းနှင့်ပတ်သက်ကာ ထပ်တ လဲလဲတောင်းပန် ခဲ့သည်။ သို့သော် နောက်ပိုင်း ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလကမူ ၎င်းတွင်အပြစ်မရှိကြောင်းနှင့် တရားသေလွှတ်ပေးရန် တရားရုံးအား အံ့အားသင့်ဖွယ်တောင်း ဆိုခဲ့သည်။
တနင်္လာနေ့ ကြားနာမှုတွင် ဒုခ်ျ၏ ရှေ့နေများက ရုံးတော်သည် ၎င်းတို့၏ အမှုသည်အပေါ် တရားစီရင်ခွင့်မရှိဟု ကန့်ကွက်သွားရန် စီစဉ်ခဲ့သည်။ ဒုခ်ျသည် အစိုးရ၏ အရေးပါသော ခေါင်းဆောင်တစ်ဦး မဟုတ်ခဲ့သလို ရာဇ၀တ်မှုကျူးလွန်မှုများအတွက် အရေးပါသော
တာဝန်ရှိသူတစ်ဦးလည်း မဟုတ်ခဲ့ဟု၎င်းတို့က အကြောင်းပြကြသည်။
"ဒီတရားရုံးဟာ အရေးမပါတဲ့လူတစ်ဦးကို တရားစီရင်ခွင့်မရှိပါဘူး" ဟု တရာခံရှေ့နေ ကန်ရီသီရေရီကအေအက်ဖ်ပီသတင်းဌာနကို ပြောကြားကာ ဒုခ်ျသည် အထက်က အမိန့်အတိုင်းသာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းဖြည့်စွက်ပြောသည်။
အသက် ၆၈ နှစ်ရှိသော ဒုခ်ျသည်ကနဦးက ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခြင်းခံခဲ့ရသော်လည်း နောက်ပိုင်းတွင်၎င်းအား နှစ်များစွာ တရားမ၀င်ချုပ်နှောင် ထားခဲ့ခြင်းများအား ထောက်ထားလျက် ရုံးတော်ကပြစ်ဒဏ်လျှော့ပေါ့ခဲ့သည်။
အင်္ဂါနေ့တွင်လျှောက်လဲမည့်တရား လိုပြရှေ့နေများကမူ ဒုခ်ျ၏ပြစ်ဒဏ် အား တစ်သက်ချမှတ်စေရန်နှင့် တရား မ၀င် ချုပ်နှောင် ခဲ့မှုများကြောင့် လျှော့ ပေါ့ပါက ၄၅ နှစ်အထိချမှတ်စေရန် မျှော်လင့်ထားကြသည်။ ၎င်းတို့၏ လျှောက်လဲမှုအကျဉ်းတွင် တရားရုံး၏ စီရင်ချက်သည် ရာဇ၀တ်မှု၏လေးနက် မှု၊ သို့မဟုတ် ထိုရာဇ၀တ်မှုများတွင် တိုင်တန်းခံရသူ၏ ကဏ္ဍအားတိတိကျ ကျ ထင်ဟပ်မှု မရှိဟု တရားလိုပြရှေ့နေ များကဆိုထားသည်။ ဒုခ်ျ၏ပြစ်ဒဏ် များတွင် အခြား လူမဆန်သည့် ပြစ်ချက် များဖြစ်သော ကျွန်ပြုခိုင်း စေမှု၊ အကျဉ်းချထားမှု၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သားမယားပြုကျင့်ခြင်းနှင့် မျိုးတုံးသတ် ဖြတ်ခြင်းများကိုလည်း ၎င်းတို့ကဖြည့်စွက် စေချင်ကြသည်။
နိုင်ငံတော်တရားရုံးချုပ်၏ စစ်ခုံရုံးသည် လျှောက်လဲချက်များအပေါ် ၎င်း၏စီရင်မှုအား ဇွန်လနှောင်းပိုင်းတွင်ကြေညာသွားဖွယ်ရှိသည်။
ဒုခ်ျသည် ၁၉၉၉ ခုနှစ်၌ ၎င်းအား တောတွင်း၌ ခရစ်ယာန်အကူအညီ ပေး အလုပ်သမားတစ်ဦးအဖြစ် တွေ့ရှိ ခဲ့စဉ်ကတည်းက ဖမ်းဆီးခြင်းခံထား ရသည်။ ၂၀၀၇ ခုနှစ်၊ ဇွန်လတွင် တရား ၀င် ခုံရုံးတင်ဖမ်းဆီးခြင်းခံခဲ့ရသည်။ ခမာနီများသည် ၁၉၇၀ ပြည့်နှစ်များ ဆီက ကမ္ဘောဒီးယားလူမျိုးပေါင်း ၁ ဒသမ ၇ သန်းခန့်(လူဦးရေစုစုပေါင်း၏လေးပုံတစ်ပုံနီးပါး) အား အစာငတ်ထားခြင်း၊ အလုပ်ကြမ်း လုပ်စေခြင်းများ အပါအ၀င် လူမျိုးတုံးသတ်ဖြတ်ခြင်းများကျူးလွန်ခဲ့သည်။
(ဇော်ဝင်း)
Myanmar times
Source http://www.myanmar.mmtimes.com
0 comments:
Post a Comment