+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, May 1, 2011

အဓိပ္ပါယ်ကောက်ခြင်း

Source Photo from http://www.google.com/images

အဓိပ္ပါယ်ကောက်ခြင်း
(မင်းစိုးစံ)

ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်ခဲ့တာ ကြာလှပေါ့။ ဘာရယ်တော့မဟုတ်ပါဘူး။ အခေါ်ဝေါ်တခုကို အဓိပ္ပါယ် ကောက်တဲ့အခါ အလွဲလွဲအချော်ချော်ဖြစ်ကြရတဲ့ အကြောင်းတွေပါ။ ကျုပ်ငယ်ငယ်တုန်းက ကြားဘူးတဲ့ တိုင်း ရင်းသားတွေရဲ့ အပြောအဆိုနဲ့အဓိပ္ပါယ်ကောက်ပုံလေးတွေအကြောင်း ရေးပြချင်ပါတယ်။

ကရင်နီတယောက်နဲ့ စကောကရင်တယောက် သူတို့တောလည်သွားကြတော့ ကရင်နီက ရုတ်တရက် ဘော်သို ဘော်သို လို့အော်ပြောတော့ စကောကရင်က သစ်ပင်ပေါ်ပြေးတက်ပါလေရောတဲ့၊ ဘော်သို ဆိုတာက ကရင်နီ လိုအဓိပ္ပါယ်က မျှစ် ဖြစ်ပေမယ့် စကောကရင်လိုက ကျား ဆိုတော့ဗျာ သစ်ပင်ပေါ်ပြေးတက်တော့တာပေါ့။

နောက်တခုက ဗမာနဲ့ရခိုင်။ ရုပ်ရှင်ပြီးလို့ရုံထဲက အထွက် အမျိုးသမီးတယောက် သူ့ခြေထောက်ကိုအနင်းခံရလို့ အော်တော့ သူ့ဘေးနားက အမျိုးသမီးရဲ့ချစ်သူရည်းစားဗမာအမျိုးသားက ဟေ့ဘာပြုလို့ခြေထောက်ကို နင်းတာ လဲ လို့မေးတော့၊ ရခိုင်အမျိုးသားက မိုက်လို့နင်းတာပါ လို့ပြန်ပြောသတဲ့ အဲဒီမှာ နောင်ဂျိန်ချကြတော့တာပေါ့။

ရခိုင်လို မှောင်တယ်ဆိုတာကို မိုက်တယ် လို့ပြောတယ်ဆိုတာ သိရပါတယ်။ ဒီမိန်းကလေးသိပ်မိုက်တာပဲ။ ဒီဆော်လေး သိပ်မိုက်တာပဲ။ အဲဒါကျုပ်တို့ခေတ်တုန်းက အခုကျတော့ လန်းတယ် ဆိုလားဘာဆိုလား၊ မိုက်တဲ့ အသုံးအနှုန်းနဲ့လန်းတဲ့အသုံးအနှုန်းက လန်းတဲ့အသုံးအနှုန်းကပိုမိုက်တယ်။ ပိုကြိုက်တယ်။ မိုက်တယ်ဆိုတာက တကယ့်စကားလုံးမှာလဲ မမိုက်ဘူး။ အဲလေ မကောင်းဘူး။ ရခိုင်လိုကျပြန်တော့လဲ မှောင်တယ်ဆိုတော့။ လန်း တာလေးပဲကောင်းတယ်။ လန်းလန်းဆန်းဆန်းလေးပေါ့ဗျာ။ခုခေတ်လူငယ်တွေ စကားလုံးရွေးတာတော်တယ်။

အဲဒါတွေကိုရေးပြလိုက်တော့ တိုင်းရင်းသားတွေရဲ့ အဓိပ္ပါယ်ကောက်လွဲကြပုံတွေကို တမင်တကာဖေါ်ပြရေးပြ နေတာမဟုတ်သလို ဗန်းစကားတွေကို နားလည်လွန်းလို့တော့မဟုတ်ဘူး။ မှတ်မိသလောက်လေးပြန်ရေးပြနေ တာပါ၊ ကျုပ်တို့တုန်းက သွားမယ်ဆိုလျင် ဒိုးမယ်၊ ယွန်းမယ်။ မကြေနပ်တဲ့လူကို တိုက်ခိုက်မယ်ဆိုလျင် နွှာမယ်၊ ဖြဲမယ်၊ ဝုန်းမယ်။ အကြမ်းပတမ်းလုပ်မယ်ဆိုလျင် အဲလိုဗန်းစကားတွေနဲ့ပြောကြတာ။ခုခေတ်တော့ မသိ။

မြန်မာကျောင်းသားစခန်းထဲကျတော့ နည်းနည်းလေး ခေါင်းမာမာနဲ့အင်တင်တင် ကလန်ကဆန်လုပ်ချင်တဲ့ က လေးဆိုလျင် နဖုန်ခါမယ်၊ နားပန်ကျင်းတာကိုပြောတာ။ ပုလိပ်ကို ကြွက်လို့ခေါ်တယ်။ သူ့အဓိပ္ပါယ်နဲ့သူဆိုတော့ တစိမ်းတွေနားမလည်ကြဘူး၊ တခြားနေရာမှာသုံးတဲ့စကားဝှက်ဆိုလျင်လည်း တောက်တက်၊နီလာ၊သကြားသီး လင်းယုန်၊ငါးရံ့၊ခရမ်းချဉ်သီး၊ခရမ်းသီး၊ရထား၊ကမာ၊သကြားဥ၊မနှဲလေးစသည်ဖြင့်သုံးတတ်ကြတယ်၊ ကြာခဲ့ပါပြီ။

ကရင့်တော်လှန်ရေးနယ်မြေထဲမှာကျတော့ စကားဝှက်တွေအတော်များများသုံးကြတာရှိတယ်။ အဲဒီထဲက အချို့ ကိုနည်းနည်းရေးပြမယ်ဗျာ။ ဟိုးလွန်ခဲ့တဲ့နှစ်လလောက်က ဒီကေဘီအေနဲ့ကေအင်န်ယူတို့ ပူးပေါင်းပြီး နယ်စပ် ကရွာတရွာကို ဝင်တိုက်တော့ သတင်းယူတဲ့သတင်းထောက်က ကေအင်န်ယူကို ဒေသခံနဲ့ဗမာစစ်တပ်က ငပွေး လို့ခေါ်ပါတယ်ဆိုပြီး မှတ်ချက်ပေးပြောသွားတာကိုကြားလိုက်ရပါတယ်။

ဟုတ်ကဲ့ ငပွေးပြောလို့ စိတ်နာနာနဲ့ ဒီအကြောင်းကို ရေးဖြစ်သွားတာတော့မဟုတ်ပါဘူး၊ သတင်းထောက်တ ယောက်အနေနဲ့ သတင်းတခုကိုတင်ဆက်ရာမှာ ဘက်မလိုက်ဘို့အရေးကြီးပါတယ်၊ ဆိုလိုချင်တာက ကရင့် တော်လှန်ရေးတပ်ကို ဗမာစစ်အစိုးရနဲ့ ဒေသခံတွေက ငပွေးလို့ခေါ်တယ်ဆိုလျင် ဗမာစစ်တပ်ကို တော်လှန်ရေး တပ်နဲ့ အရပ်သားတွေက ဘယ်လိုခေါ်သလဲဆိုတာကို လေ့လာပြီးပူးတွဲတင်ပြ မှတ်ချက်ပေးပြောဆိုမှသာ ကြား နေဘက်မလိုက်သတင်းဖြစ်မှာပါ။ နောက်တခုက ဒီအခေါ်အဝေါ်တွေဆိုတာကလည်း အခုမှစ ခေါ်ခဲ့ကြတာမ ဟုတ်လေတော့ စိတ်နာစရာ ဘာအကြောင်းမျှမရှိပါဘူး။

ဒီတော့ တိုတိုနဲ့လိုရင်းကိုပဲရေးပါ့မယ်၊ ဗမာစစ်အစိုးရတပ်ကို ကျုပ်တို့ကရင့်တော်လှန်ရေးသမားတွေက ထွီးဖလူ လို့ခေါ်ကြောင်း သတင်းထောက်ကြီးကိုသိစေလိုပါတယ်။ နောက်နောင်သတင်းပေးပို့လို့ တခုခုကိုမှတ်ချက်ချ ပြောဆိုမယ်ဆိုလျင် ကြားနေဘက်လိုက်တဲ့သတင်းမျိုးမဖြစ်အောင်သတိထားဘို့လိုလိမ့်မယ်ထင်လို့ပါ။

ဟုတ်ပြီ အဲဒီလို အကောင်အလောင်တွေနဲ့ဘာကြောင့် ကရင့်တော်လှန်ရေးသမားတွေက ခိုင်းနှိုင်းခေါ်ဆိုရသလဲ ဆိုတာကို အကောင်အလောင်တွေရဲ့ အမူအကျင့် တွေနဲ့ပတ်သက်ပြီး တတ်သလောက်မှတ်သလောက်လေး ပြောပြပါ့မယ်။

(ထွီးဖလူ-ပိုးကရင်) (ထွိပလု-စကောကရင်) (ခွေးရူး-ဗမာ) =(ဗမာစစ်တပ်)=(ဗမာ့တပ်မတော်)

ခွေးရူးဆိုတာ သိတဲ့အတိုင်းပဲရူးနေတာဆိုတော့ အကောင်းအဆိုးဘာမျှမခွဲခြားတတ်တော့ပါဘူး၊ အမြင်အာရုဏ် အသိတရားတွေ ကင်းလွတ်ပြီး အားလုံးကိုကိုက်ခဲတတ်ပါတယ်။သစ်ရွက် သစ်ခက်မှန်းမသိ၊ သစ်တုံး သစ်ပင် မှန်းမသိ အဲဒီလို သူသွားလေရာတလျှောက် တွေ့သမျှ မိသမျှအရာဝတ္ထုတွေကို ကိုက်ဖြတ်ဖျက်ဆီးတတ်လို့ ကရင်ဒေသခံတွေနဲ့တော်လှန်ရေးသမားတွေက ဗမာ့တပ်မတော်ကို ခွေးရူးလို့ခေါ်ကြောင်းပါခင်ဗျား။

အဲဒါကြောင့်ပဲ တိုင်းရင်းသားဒေသကို စစ်ဆင်ရာမှာ ပြည်သူလား ရန်သူလား မခွဲခြားတတ်တော့ပဲ အနိုင်ကျင့် ရက်စက်ယုတ်မာ ရိုင်းပြစော်ကားနေတာ ခွေးရူးဆိုတဲ့အမူအကျင့်အတိုင်းဖြစ်လေတော့ ခွေးရူးဆိုတဲ့အခေါ်အ ဝေါ်ဟာ ဘာမျှပဟေဠိဖြစ်စရာအကြောင်းမရှိပါဘူး။အခုဆို ပြည်တွင်းအထိ ပေါ်ပေါ်ထင်ထင် မိုက်ရိုင်းနေတာ။

ကရင့်တော်လှန်ရေးတပ်မတော်ကိုခေါ်တဲ့ ငပွေးဆိုတဲ့အခေါ်မှာတော့ နည်းနည်းခေါင်းရှုတ်စရာဖြစ်နေပါတယ်၊
ငပွေးဆိုတော့ အရည်ပြားရောဂါဖြစ်တဲ့ပွေးနဲ့ အကောင်အလောင်ပွေးကို မခွဲခြားတတ်တဲ့အခါကျတော့ ကရင့် တော်လှန်ရေးတပ်မတော်သားတွေမှာပဲ ယင်ကောင်မနားတဲ့ စိမ်းစားငါးပိစားပြီး ပေါင်ခြံနဲ့တင်ပါးတွေမှာ ပွေးတွေပေါက်လို့ ငပွေးလို့အခေါ်ခံရသယောင်ယောင် တော်လှန်ရေးကဗျာရှည်တပုဒ်မှာ ဖတ်လိုက်ရပါတယ်။

ဒီနေရာမှာ ပွေးပေါက်တယ်ဆိုတာ တကိုယ်ရည်သန့်ရှင်းမှုမလုပ်တဲ့ မလုပ်နိုင်တဲ့လူမှန်သမျှပွေးပေါက်နိုင်ပါ တယ် ဗမာ့တပ်မတော်သားပဲဖြစ်ဖြစ် ကရင့်တပ်မတော်သားပဲဖြစ်ဖြစ် အထမ်းသမားပဲဖြစ်ဖြစ် ရှေ့တန်းထွက်ကြ ပြီဟေ့ဆိုတာနဲ့ မိုးရေစိုမယ်၊ ချောင်းရေစိုမယ်၊ ချွေးတွေထွက်မယ် အဲဒီအဝတ်နဲ့ပဲနေ့နေ့ညည အိပ်နေကြရတယ် ရေလည်းမချိုးရ ဆိုတော့ကာ ဘယ်သူပွေးမပေါက်ပဲခံနိုင်မှာလဲ။ အဲဒါ တပ်မတော်သားတိုင်း ကရင်တပ်ပဲဖြစ် ဗမာတပ်ပဲဖြစ်ဖြစ် အားလုံးဘဝတူတွေမို့လို့ တူညီတဲ့သင်္ကေတတွေကတော့ အဲဒီပွေးပေါက်တာဖြစ်ပါတယ်။

ကရင်ရဲဘော်တယောက်က စစ်အစိုးရတပ်က ငါတို့ကို ငပွေးငပွေးတဲ့ သူတို့လည်း ပွေးပေါက်တာပဲ ဆိုပြီး ရှေ့တန်းမှာကျဆုံးနေတဲ့ ဗမာတပ်မတော်က စစ်သည်တဦးရဲ့ရုပ်အလောင်းကိုကြည့်ရင်းပြောခဲ့ဘူးပါတယ်
ဒီတော့ ဗမာ့စစ်အစိုးရတပ်မတော်က ကရင်တွေကို ငပွေးလို့ခေါ်တဲ့ဥစ္စာကတော့ဖြင့် အရည်ပြားရောဂါဖြစ်တဲ့ ပွေးကို ဆိုလိုခြင်းမဟုတ်ပဲ အကောင်အလောင်ဖြစ်တဲ့ပွေးကို ရည်ရွယ်ခြင်းသာဖြစ်ကြောင်းထင်ရှားနေပါတယ်။

ကဲ အကောင်အလောင်ပွေးအကြောင်း သိသလောက်လေးပြောကြည့်ပါရစေ။
(ဝီ-ပိုးကရင်) (ဝီ- စကောကရင်) (ပွေး-ဗမာ)=ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

ပွေးဆိုတာကတော့ အပင်ရဲ့ အမြစ်တွေကို ကိုက်ဖြတ်စားသောက်တတ်သလို ရှာဖွေဘမ်းဆီးရတာ အလွန်ခက် ခဲတဲ့အကောင်အလောင်တမျိုးဖြစ်ပါတယ်။ သူတို့တတွေဟာ တွင်း(ကျင်း)တွေအများကြီးတူးတတ်ကြလေတော့ တော်ရုံတန်ရုံနဲ့ မိဘို့ဆိုတာမလွယ်ပါဘူး။

ပျောက်ကြားနည်းစနစ်နဲ့ တိုက်ခိုက်တဲ့နေရာမှာ အထူးကြွမ်းကျင်တာကြောင့် ၁၉၈၂ လောက်တုန်းက ဗမာ့တပ် မတော်သားတဦးပြောသွားတာက သတ္တိရှိလျင် သူတက်ငါတက် သူပစ်ငါပစ် လုပ်ပါလား အခုတော့ကွာ ဟိုနေ ရာက ချောင်းပစ် ဒီနေရာကချောင်းပစ်နဲ့ တော်တော်အခံရခက်တယ် ဆိုပြီးပြောသွားဘူးပါတယ်။

တခါတလေမှာတော့ ကရင့်တပ်က တပ်သားတွေကို အရှင်ဘမ်းဆီးရမိတဲ့အခါမှာတော့ ငပွေးတွေကို ဘမ်းမိဘို့ ဆိုတာလွယ်တာမဟုတ်ဘူး ဒီကောင်တွေအရက်မူး ထန်းရည်မူးပြီး လူမှန်းသူမှန်းမသိမှ ဘမ်းလို့ရတာ ဆိုတဲ့အ ပြောအဆိုမျိုး ဗမာ့တပ်မတော်အရာရှိအများစု မှတ်ချက်ချပြောဆိုတတ်ကြပါတယ်။

ဒါကြောင့်ဗမာ့တပ်မတော်ဟာ ကရင့်တပ်ကို ငပွေးလို့ခေါ်ဆိုခြင်းဟာအရည်ပြားရောဂါဖြစ်တဲ့ပွေးကို ဆိုလိုခြင်း မဟုတ်ပဲ အကောင်အလောင်ပွေးကိုသာ ရည်ရွယ်ခေါ်ဆိုသည်ဟု ထင်မြင်ပါကြောင်း သိသမျှမှတ်မိသမျှကို မ သိသေးသောသူများ မှတ်သားနိုင်ရန် ရည်ရွယ်ရေးသားလိုက်ခြင်းသာဖြစ်ပြီး သိရှိပြီးသား သိရှိထားပြီးသူများကို ရည်ရွယ်ခြင်းမဟုတ်ပါကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
Source Picture from http://www.google.com/images
ခွေးများအချိန်အခါမဟုတ် ရူးနေ

နွေဦးပေါက်ရာသီနှင့် ခွေးသားပေါက်ချိန်များတွင်သာ အဓိကဖြစ်တတ်သော ခွေးရူးရောဂါသည် ဒေသ အချို့ တွင် အချိန်အခါ မဟုတ် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး-
“ဘာလို့လဲတော့ မသိဘူး။ ခုတလောခွေးတွေ တအားရူးနေတယ်. Warmly Welcome ဒယ်ဒီပါးပါး .၀န့်စွေ့ ၀န့်စွေ့ ၀န့်ဝန့်စွေ့ .ဟာ-ရေး . အိုပါး . ကျူးမီးငါး -ဒယ်ဒီပါးပါး. ဒယ်ဒီပါးပါး ဆိုပြီးတညလုံး ထိုင်အူနေကြတာ ဒီလိုမျိုး တခါမှလည်း မကြားဖူးတော့ အရမ်းအံ့သြမိတယ်” ဟု မြို့ လှမြို့  ခံတဦးက ပြောပြပါတယ်။

နေပြည်တော မှဒေသခံတဦးကမူ-“မနေ့က ကျနော်တို့ ရပ်ကွက်ထဲကို ခွေးရူးတကောင် ခေါင်းပေါင်းပေါင်းပြီး ၀င်လာလို့ ၀ိုင်းသတ်လိုက် ရတယ်၊ ဘေးကအိမ်မှာလည်း ခွေး ၄ ကောင်မွေးထားတာ ၄ကောင်းစလုံး ရူးသွားပြီး ပဆိုးတွေ ကောက်ဝတ်နေလို့ အဆိပ်ခတ်သတ်လိုက်တာ ဗိုလ်ရူး တကောင်ပါ အဆစ်ပါသွားတယ် ” ဟု ပြောပါသည်။
ယခုကဲ့သို့ ခွေးများအချိန်အခါ မဟုတ်ရူးနေချိန်သည် တိုင်းခန်းလှည့်လည်နေချိန်နှင့် တိုက်ဆိုင်လျက် ရှိရာ ပြည်သူများအကြားမှာလည်း သံသယဖြစ်ဖွယ် တီးတိုး ဝေဖန်လျက်ရှိနေပါသည်။

ပုံမှန်အတိုင်းဆိုလျင် ခွေးများသည် ဗိုလ်လောင်း ကျောင်းဆင်းချိန်နှင့် တော်သလင်းလတွေမှာသာ ရူးလေ့ရှိကြပြီး ယခုတွေ့ရသော အရူးအမျိုးအစားမှာ အနှစ်၂၀ အတွင်း ခွေးများတွင် ပထမဆုံးတွေ့ရသော အမတ်ရူး ရောဂါ ဖြစ်ကြောင်း၊ ရူးနေသော ခွေးအများစုသည် ခွေးကဲ့သို့ ငုတ်တုတ်ထိုင်နေသည့် တိရစ္ဆာန် အမှတ်တံဆိပ် ပါတီနှင့် ဆက်စပ်ဖွယ် ရှိကြောင်း၊ ထိုပါတီနှင့် ဖက်ပြိုင်ပြီး ကိုက်မိသည့် အမတ်လောင်း တစ်ချို့မှာလည်း ခွေးရူးရောဂါ ကူးစက်ခံရသဖြင့် ရူးသွားကြကြောင်း၊ ကုရာနတ္ထိ ဆေးလည်း မရှိသောကြောင့် ခွေးရူး အကိုက်မခံရအောင် နေကြရန် အလွန်အရေးကြီးကြောင်း၊ အကယ်၍အကိုက်ခံခဲ့ရပါက ကို့ကျော်သူ့ဆီ ဖုန်းဆက်ပြီး “ခွေးကိုက်သွားပါပြီခင်ဗျ၊ ဒါကြောင့် ဘွတ်ကင်လုပ်ချင်လို့ပါ” ဟုပြောလိုက်ရုံသာဖြစ်ကြောင်း ခွေးရူးကျွမ်းကျင် ဒေါက်တာမဲလုံး က ပြော ကြားသွားသည်။

သတင်းရင်းမြစ် http://www.burmastrangenews.com

0 comments:

Post a Comment