+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, May 7, 2011

စာပေစီစစ်ရေးမှ ဖြုတ်လိုက်သော နာဂစ် ၃ နှစ်ပြည့် ဆောင်းပါး

Source Photo from
http://demowaiy.appspot.com/mrkingzero.blogspot.com/2011/04/blog-post_6917.html

ယခုအပတ် ပြည့်သူ့ခေတ်ဂျာနယ်တွင်

စာပေစီစစ်ရေးမှ ဖြုတ်လိုက်သော

နာဂစ် ၃ နှစ်ပြည့် ဆောင်းပါး

by ငြိမ်းဆက်လင်း

ခပ်မှောင်မှောင်ဖြစ်နေသော တဲအိမ်လေး၏ အခန်းထောင့်မှာ မှိုင်တိုင်တိုင်နှင့်ထိုင်နေသူ အမျိုးသားနှစ်ဦးရှိသည်။ နှစ်ဦးစလုံးပင် အင်္ကျီမပါ၊ ပုဆိုးပိုင်း ခပ်နွမ်းနွမ်းကိုသာ ၀တ်ဆင်ထားသော ခပ်ပိန်ပိန်အမျိုးသားများဖြစ်ကြသည်။

အသက်ထက်ပိုကြီးဟန်တူသော အသက် ၄၀ ၀န်းကျင်အရွယ် အမျိုးသားမှာ ဂန့်ဂေါ ယောလုံချည်နွမ်းနွမ်းကို ၀တ်ဆင်ထားကာ စိတ်မသက်မသာဟန်ဖြင့် ထိုင်လျက်ရှိပြီး၊ကျန်တဦးကတော့ စွပ်ကျယ်အင်္ကျီဖြူနှင့် ဖျင်ကြမ်းပုဆိုးကို ၀တ်ထားလျက်၊ လက်နှစ်ဖက် ယှက်ထားကာ ဒူးပေါ်တင်ထားရင်း ထိုလက်နှစ်ဖက်ထဲသို့ သူ့ ဦးခေါင်းကို နှစ်ထားရာမှ ဖျတ်ခနဲ မော့ကြည့်ပြီး ပြန်ခေါင်းငုံ့သွားသည်။ သူ့ခြေရင်းတွင်တော့ အသက် ၃ နှစ် ၀န်းကျင်အရွယ် ကလေးငယ်လေး ခပ်ခွေခွေအိပ်ပျော်နေလေသည်။

" နာဂစ်မုန်တိုင်း ၃ နှစ်ပြည့်ပြီ ဆိုပေမဲ့ ကျွန်တော်တို့အတွက်ကတော့ မနေ့တနေ့ကလိုပါပဲ "ဟု ပြောပြသည်။ကိုစိုးသန်းဝင်းက လက်ရှိ သူ့အခြေအနေကို "ခုထိကို အဆင်မပြေသေးပါဘူး၊ရာသီရောက်တိုင်းလည်း စိုက်စရိတ်အတွက်တောင် အခက်အခဲ ရှိနေတုန်းပဲ၊ "

ဟု အသက် ၄၀ ၀န်းကျင်အရွယ် လယ်တွေထဲ ရေငန်ဝင်ခဲ့လို့ပျက်ဆီးကုန်ခဲ့တာ၊ အိမ်ပြိုခဲ့ တာတွေ မေ့မရသေးဘူး။ မိသားစုဝင်တွေ ဘာမှ မဖြစ်တာကိုပဲ ကံကောင်းလှပြီလို့ ပြောရမယ်ထင်တယ်။ "နာဂစ်ကြောင့် ရေငန်ဝင်ခဲ့တဲ့လယ်ကို စပါးပြန်စိုက်ဖို့အတွက် ရေငန်တွေကို ၃ ပတ်လောက်ကြာအောင် ခပ်ထုတ်ခဲ့ ရတယ်၊ အဲဒီ ရက်တွေမှာစားစရာ ဆန်မရှိဘူး။ တော်တော်ကို ကြပ်တည်းခက်ခဲ ခဲ့ပါတယ်။ အိမ်ကလည်း မြင်တဲ့ အတိုင်းပါပဲ အရင်လိုတော့ ပြန်မဖြစ်တော့ဘူးပေါ့နော်၊ ကျွန်နော်တို့မှာ လယ်မြေများအားလုံး ရေငန်ဝင်ကာ ပျက်ဆီးခဲ့ခြင်း၊ နေအိမ်များ ပျက်ဆီးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရတယ် "

သူတို့ရွာတွင် လူသေဆုံးမှုမရှိသော်လည်း သူတို့သည် ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ ဆိပ်ကြီးကျေးရွာမှ စပါးစိုက်တောင်သူ လယ်သမားများဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသူများလည်း ဖြစ်သည်။ ၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လယ်သမားကိုစိုးသန်းဝင်းက ပြောပြသည်။အခြား မုန်တိုင်းသင့်ခံ ဒေသခံများလိုပင် နေစရာအခက်အခဲ၊ စားစရာအခက်အခဲတို့နှင့် ရင်ဆိုင်ခဲ့ကြရကြောင်း၊ ထိုမုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရသည်များအား ယခုထိတိုင် ပြန်လည် နလံထူနိုင်ခြင်းမရှိသေးဘဲ၊ လယ်ယာလုပ်ငန်းခွင် ၀င်ရန်အတွက် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း မုန်တိုင်းဖြစ်ပြီး ၁ ပတ်၂ ပတ်အတွင်း save the children အဖွဲ့မှ လူတစ်ဦး ဆန် တစ်ပြည်နှုန်းလာဝေခဲ့ပြီးနောက် မည်သည့်အဖွဲ့အစည်း၊ မည်သည့်အလှူရှင်မှ ရောက်မလာကြတော့ကြောင်း ၊သူတို့အနေဖြင့်

`နာဂစ်ဖြစ်တဲ့နှစ်မှာ တရွာလုံး စပါးမစိုက်နိုင်တဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်။ မျိုးစပါး ပေးမဲ့သူမရှိ၊ ချေးမဲ့သူ မရှိနဲ့ တော်တော်ဒုက္ခရောက်ခဲ့တယ်။ နောက်တော့ မစိုက်မဖြစ်တော့ ရရာဈေးတွေနဲ့ အဆမတန်ဝယ်ပြီး ကြွေးတင်ခံပြီး စိုက်ကြရတာပဲ၊ အစိုးရက တစ်ဧကကို စိုက်စရိတ် ၂ သောင်းနှုန်းချေးပေးတယ်။ ကျုပ်တို့ကုန်တာက တစ်ဧကကို ၁ သိန်းခွဲ ၂ သိန်းလောက် ကုန်နေတယ်၊ ဖြစ်အောင် စိုက်ကြတာပဲ ကြွေးတင်ခံပြီး စိုက်ခဲ့ကြတယ်အားလုံးပဲ ကြွေးတွေနဲ့မနှစ်ကလည်း ကြွေးတင်တာပဲ၊ ဒီနှစ်လည်းတင်ကြတော့ လယ်သမားဆိုရင်ကို ကြွေးမကင်းတော့ဘူး၊ အရင်ကတော့ ခုလောက် မဆိုးဘူး၊ နာဂစ်ကကျွန်တော်တို့ ဘ၀တွေကို တော်တော်ကို ဖျက်သွားခဲ့တာ`

ဟု သူက ပြောသည်။ နာဂစ်မုန်တိုင်းကြောင့် သူတို့၏ နေအိမ်များဆုံးရှုံးခဲ့ရသလို၊ မျိုးစပါးများလည်း ဆုံးရှုံးခဲ့ရကြောင်း ငွေကြေးတတ်နိုင်သူ အချို့ကသာ ထိုနှစ်အတွက် မျိုးစပါးဝယ်ယူပြီး စိုက်ပျိုးနိုင်ခဲ့သော်လည်း အများစုမှာ မျိုးစပါးများအား မတန်တဆဈေးဖြင့် ချေးယူရကာ စပါးပေးစနစ်ဖြင့်ပြန်ဆပ်ခဲ့ရသောကြောင့် လယ်စိုက်ချိန်တွင် စိုက်စရိတ်မရှိတော့သည့်အဖြစ်
နှင့်သာ ရင်ဆိုင်နေရကြောင်း သူက ပြောပြသည်။ အဆိုပါ တွံ့တေးကျေးရွာထဲမှ ဆိပ်ကြီးကျေးရွာကဲ့သို့ပင်၊ ခနောင်တိုကျေးရွာ၊ ကန်ကြီးကုန်းရွာ၊ ကန်လှရွာ၊ လက်ပံကုန်းရွာ စသည့် ရွာများရှိ လယ်သမားများသည်လည်း နာဂစ်မတိုင်ခင်က လယ်ယာလုပ်ငန်းအခြေအနေ၊ စားဝတ်နေရေးအခြေအနေကို ပြန်မရောက်နိုင်တော့ကြောင်း၊ လယ်သမားအများစုမှာလည်း ကြွေးထူလွန်းသောကြောင့် စိတ်ဓါတ်ကျဆင်းနေကြသည်ကိုတွေ့ရကြောင်း၊ ခနောင်တိုကျေးရွာသား ကိုဦးက ပြောသည်။ ယ ခုလို နာဂစ် ၃ နှစ်ပြည့်ကာလတွင်လည်း

`နဂိုအခြေအနေ ပြန်ရောက်ဖို့ဆိုတာတော့ နောက်လေးငါးနှစ်လောက်တော့ လိုဦးမယ်ထင်တယ်။ ဒါတောင် တော်တော်ကြိုးစားရဦးမှာ ခုတော့ အားလုံးပဲ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြတယ်၊ တစ်ချို့လည်း အားတင်းထားကြတာပေါ့ မဖြစ်ဖြစ်အောင်တော့ လုပ်နေကြတာပဲ`

ဟု သူက ဆိုသည်။ ထို့ပြင် သူတို့၏ နေအိမ်များမှာလည်း နာဂစ်မတိုင်ခင်တုန်းကလို စနစ်တကျဆောက်ထားသော နေအိမ်များမဟုတ်တော့ဘဲ၊ နေဖြစ်ရုံ ဖြစ်သလို ကိုယ်ဟာကို ဆောက်နေကြသော နေအိမ်များသာ ဖြစ်သည့်အတွက် ယခုနှစ်မိုးတွင်းအတွက်လည်း စိတ်မအေးရကြောင်း ပြောပြသည်။ နာဂစ်မုန်တိုင်းမတိုက်ခင်တုန်းကတော့ သူတို့ရွာတွင်အိမ်ကြီးအိမ်ကောင်း တော်တော်များများရှိခဲ့သလို ငွေကြေးအတော်အတန် ချောင်လည်သူများလည်း ရှိခဲ့ကြောင်း၊ အချို့ဆိုလျှင် စပါးစည်အပြည့်ရှိကြကြောင်း၊ စပါးတင်းရေ သောင်းသာမက သိန်းဂဏန်းအထိပါ သိမ်းထားနိုင်သူများရှိခဲ့ကြောင်း၊ ယခုအခါမှာတော့ အိမ်ကြီးအိမ်ကောင်းဆိုလို့ တလုံးမှ ပင်မရှိတော့ကြောင်း၊ စပါးအပြည့်ထားနိုင်ရန် မဆိုထားနှင့် မျိုးစပါးတောင် မချန်နိုင်တော့သည့် အဖြစ်မျိုးနှင့်ကြုံတွေ့ နေရကြောင်းသူက ပြောပြသည်။

`နာဂစ်ဖြစ်တော့ ဒီကလယ်တွေအားလုံး ရေငန်တွေ ၀င်ကုန်တယ်၊ သောက်ရေကန်တွေလည်း ပျက်ဆီးကုန်တယ်၊ ရွာထဲက ဘုန်းကြီးကျောင်းဝိုင်းထဲက ရေတွင်းကိုပဲ အားလုံး ဆယ်ပြီးသောက်ခဲ့ရတယ်။ ထမင်းမစားနိုင်တော့လို့ ဆန်ပြုတ်ဝေစားခဲ့ရတာတောင် ရှိခဲ့တယ်၊ ခုလည်း လယ်လုပ်ဖို့ အခက်အခဲဖြစ်နေလို့ မိန်းမကို စပါးပွဲစားဆီ လွှတ်လိုက်ရတယ်`

ဟုသူက ပြောသည်။ အဆိုပါ လယ်သမားများအနေဖြင့် ယခင်နာဂစ်မတိုင်ခင်တုန်းက လယ်ယာလုပ်ငန်းအခြေအနေသို့ ပြန်လည် မရောက်ရှိနိုင်သေးဘဲ၊ လယ်ယာလုပ်ငန်းခွင်တွင် လည်း လိုအပ်ချက်များရှိနေဆဲဖြစ်သလို၊ စားဝတ်နေရေးမှာလည်း ခက်ခဲနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်းမှ လယ်သမားများကပြောဆိုကြသည်။

` လယ်သမားတွေက အထောက်အပံ့ ရခဲ့တယ်လို့ ပြောကြပေမဲ့၊ တကယ်တမ်း တော့ ရတဲ့ အထောက်အပံ့နဲ့ ပြန်ထူထောင်ဖို့ဆိုတာ တော်တော် မလွယ်ပါဘူး။ လယ်ထွန်စက်ဆိုရင်လည်း လယ်သမား အယောက် ၂၀ မှ တစီးနှုန်းလောက်၊ ရတဲ့ စက်တွေကလည်း ပျက်၊ ဆီကလည်း ရတဲ့သူရ၊ မရတဲ့သူ မရ၊ အဲ မျိုးစပါးတွေကလည်း မကောင်းတော့ အဆင်မပြေနဲ့၊ ဘယ်သူမှ အဆင်ပြေပြေရတဲ့သူ မရှိခဲ့ဘူး`

ဟု ဘိုကလေးမှ လယ်သမားဦးသန့်စင်က ပြောသည်။ လယ်သမားများအတွက် မျိုးစပါးများမှာ လုံလောက်အောင် မရရှိခြင်း၊ ရရှိသော မျိုးများမှာ ဒေသနှင့်အဆင်မပြေခြင်း၊ လယ်ယာသုံး ကျွဲ၊နွားများအစား လယ်ထွန်စက်များအား အလှည့်နှင့် ထွန်ခိုင်းခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းခွင်တွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊၂၀၀၈ခုနှစ်နာဂစ်မုန်တိုင်း အပြီး စတင်စိုက်ပျိုးခဲ့သော စပါး ထွက်နှုန်းမှာလည်း ကျဆင်းခဲ့ သည့်အပြင် လယ်ကွင်းတွေထဲ ဂဏန်းများ အုံလောက်ကျင်းလိုက် ကျခဲ့သောကြောင့် ဆုံးရှုံးမှုများခဲ့ရကြောင်း၊ လွန်ခဲ့သော နှစ်က စပါးထွက်နှုန်း ပြန်တက်လာခဲ့ သော်လည်း ယခင်ကြွေးများဆပ်လောက်ရုံသာ ရှိပြီး မျိုးစပါးမချန်နိုင်သေးကြောင်း တောင်သူလယ်သမားများထံမှ သိရပါသည်။

`ရတဲ့မျိုးစပါးတွေနဲ့ ဒေသနဲ့မကိုက်ညီတာရယ်၊ ပြီးတော့ ကဏန်းတွေ အုပ်လိုက်အုပ်လိုက် ကျတာရယ်၊ ကြွက်တွေ ဖျက်ဆီးတာရယ်တွေကြောင့် စပါးက ထင်ထားသလောက်ကို မရလိုက်ဘူး၊ မနှစ်ကလည်းစပါးရတယ်ဆိုပေမဲ့ အရင်လို ပြန်ရတာမျိုး မဟုတ်ဘူး၊ ကြွေးပူတွေက များလာတော့ ဒီနှစ်အတွက် မျိုးစပါးမချန်နိုင်တဲ့ သူတွေတောင် အများကြီးရှိတာပဲ`

ဟု အဆိုပါ လယ်သမားကြီး ဦးခင်မောင်မြင့်က ပြောသည်။ ၄င်းတို့ ဘိုကလေးမြို့နယ် အတွင်းဒေသခံများမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသူ အများအပြားရှိပြီး လယ်သမားများအား မှီခိုလုပ်ကိုင် စားသောက်ကြသော ဘောက်သမားများလည်း ရှိသောကြောင့် လယ်သမားအဆင်မပြေသလို၊ အဆိုပါ ဘောက်သမားများလည်း ခက်ခဲနေဆဲဖြစ်ကြောင်း၊ အချို့မှာ အခြားဒေသများသို့ပြောင်းလဲ နေထိုင်နေကြသူများလည်း ရှိလာကြောင်း ပြောပြသည်။

၂၀၀၈ခုနှစ်၊နာဂစ်မုန်တိုင်းကြောင့် လူဦးရေ ၁သိန်း ခွဲကျော်ခန့် သေဆုံးခဲ့ရပြီး၊ လူဦးရေ ၂သိန်းနီးပါးခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း၊ လုပ်ငန်းပျက်ဆီးခြင်းတို့နှင့်ကြုံတွေ့ခဲ့ရသည်။ မိုးရေကာဖျင်တဲထိုးပြီး နေနေရဆဲသူများလည်း အများအပြားကျန်ရှိနေသေးကြောင်း၊ အများစုကတော့ ဖြစ်သလို နေထိုင်ကြရင်း တာဝန်ကျေအောင် ကြိုးစားနေထိုင်ကြကြောင်း သိရှိရသည်။ ထို့ပြင် ထိုစဉ် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ဆောက်ပေးခဲ့ကြသော နေအိမ်များမှာလည်း ၂၀၀၉ ခုနှစ်မိုးမကုန်ခင်မှာပင် ပျက်ဆီးကုန်ခြင်းတို့ကြောင့် ယခုအခါ လယ်ထွန်စက်လှူတဲ့သူ ရှိလို့စက်ရှိတယ်၊ ဒါပေမဲ့ မောင်းဖို့ဆီက မရှိဘူး၊ ဆီဖိုးလည်း မရှိဘူး ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ချောင်းကြီးကျေးရွာမှ လယ်သမားကိုမြင့်အောင်က

"ငါတော့ သားနှစ်ယောက်နဲ့မိန်းမ ရော လယ်လုပ်ငန်းရော နာဂစ်ကြောင့်ဆုံးခဲ့တယ်။ နာဂစ်ပြီးတော့ အဲလိုပဲ ခုလယ်လုပ်ချိန်မှာ လယ်စရိတ်မရှိတဲ့သူ၊ မျိုးစပါးမရှိတဲ့သူနဲ့ဘယ်သူမှလည်း အဆင်မပြေကြဘူး"

ဟု ပြောသည်။ သူက နာဂစ်မုန်တိုင်းကြောင့် အမေအို၊ ဇနီး၊သား နှစ်ယောက်၊ ညီ ၁ယောက်နှင့် တူ ၃ ဦးဆုံးရှုံးခဲ့ရသူ ဖြစ်ပြီး ယခုအခါမှာတော့ ကျန်သား ၁ ဦးနှင့်အတူ လယ်ယာလုပ်ငန်းခွင်ကို ပြန်လည် ဦးစီးလုပ်ကိုင်နေသူဖြစ်သည်။ လယ်သမားကြ်ီး ကိုမြင့်အောင်က ပြောသည်။

`တောင်သူလယ်သမားဆိုပြီး အားတင်းပြီးစပါးစိုက်နေရတာပါပဲ၊ တို့စိုက်တဲ့ စပါးကို စားနေတဲ့ သူတွေ အများကြီးပဲ ဆိုပြီး ကိုယ့်ကိုယ်ကို အားပေးပြီး ကြွေးဘယ်လောက် ပူပူ အားတင်းစိုက်ကြရတာပါပဲ`

ဟု ဧရာဝတီတိုင်းက လယ်သမားများမှပြောပြခဲ့သည်။ သူတို့က ဆက်လျက် အားတင်း တည်ဆောက် နေထိုင်နေရဆဲဖြစ်ကြောင်း၊ အစိုးရ သစ်အနေဖြင့် တောင်သူလယ်သမားတို့ဘ၀ မြင့်မားရေးအတွက်ဆောင်ရွက်ပေးလိမ့်မည်ဟု တော့မျှော်လင့်မိကြောင်း နာဂစ်မုန်တိုင်းဒဏ်သင့် လယ်သမားများမှာ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရပြီး ၃ နှစ်ပြည့်သည်တိုင် ပြန်လည်တည်ဆောက်ကြသော်လည်း အရင်လို အခြေအနေမျိုးကိုတော့ မရနိုင်သေးကြောင်းနာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသောတောင်သူလယ်သမားတို့က ပြောဆိုခဲ့ကြသည်။



ငြိမ်းဆက်လင်း
(မြစ်မခ သတင်း)
Source article from http://www.eastwindburma.net

0 comments:

Post a Comment