+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, June 3, 2011

လယ်ယာလုပ်သား အများစု တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ ရွှေ့ပြောင်းလုပ်ကိုင်မှု များပြား


မြန်မာနိုင်ငံ အထက်ပိုင်းရှိ လယ်ယာလုပ်ငန်းခွင်များမှ လယ်ယာလုပ်သား အများစု နေပြည်တော်ရှိ တည်ဆောက်ရေး လုပ်ငန်းခွင်များသို့ ရွှေ့ပြောင်းလုပ်ကိုင်မှု များပြားလာကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ အထက်ပိုင်းရှိ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ လယ်ယာလုပ်ငန်းခွင်များမှ လယ်ယာလုပ်သား အများစု နေပြည်တော်ရှိ တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများသို့ ပြောင်းရွှေ့ လုပ်ကိုင်လာကြကြောင်း အဆိုပါ လုပ်ငန်းများမှ သိရှိရသည်။

''နေပြည်တော်မှာရှိနေတဲ့ တည်ဆောက်ပြီး လမ်း၊ လမ်းလယ်ကျွန်းနဲ့ ပန်းခြံတွေမှာ ပြင်ဆင် ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ၊ အိမ်ရာနဲ့ ရုံးအဆောက်အအုံတွေ တည်ဆောက်တဲ့ လုပ်ငန်းခွင်တွေမှာ မန္တလေး၊ စစ်ကိုင်း၊ မကွေးမြို့ကြီးတွေ အနီးမှာရှိတဲ့ ကျေးရွာတွေက လယ်ယာ လုပ်သားတွေ အများအပြားပဲ ရောက်ရှိ လုပ်ကိုင်နေကြပါတယ်။ လမ်းသန့်ရှင်းရေး လုပ်တာပဲ ဖြစ်ဖြစ်၊ မြေယာ အလှဆင်လုပ်ငန်းပဲ ဖြစ်ဖြစ်၊ အခြား တည်ဆောက်ရေး လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် လုပ်သား လိုအပ်ချက်က အမြဲပဲ ရှိနေပါတယ်။ တစ်ရက်ကို ပျမ်းမျှ ကျပ် ၃၀၀၀ တော့ ရကြပါတယ်။ နေစရာကတော့ တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ အဆင်ပြေသလို နေကြ၊ စားကြပြီး လုပ်ကိုင်နေကြတာပါ။ ရာသီနဲ့ပဲ အလုပ်ရှိတဲ့ လယ်ယာလုပ်ငန်းခွင်ထက်စာရင် ဒီမှာက တစ်နှစ်ပတ်လုံး အလုပ် ရှိနေတယ်''ဟု နေပြည်တော် ပုပ္ပသီရိမြို့နယ်ရှိ ပန်းခြံမြေယာ အလှဆင်ရေး လုပ်ငန်းခွင် တစ်ခုမှ ကြီးကြပ်သူတစ်ဦးက ဆိုပါသည်။

ယခင်က နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ နေပြည်တော်ကောင်စီ နယ်မြေတွင် ပါဝင်သည့် နေပြည်တော်ပျဉ်းမနား၊ နေပြည်တော်လယ်ဝေး၊ နေပြည်တော်တပ်ကုန်း မြို့နယ်များ အတွင်းရှိ လယ်ယာလုပ်ငန်းများမှ လယ်ယာလုပ်သား များ၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ထိစပ်နေသည့် ရမည်းသင်း၊ ပျော်ဘွယ် စသည့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၊ ရေတာရှည်၊ ဆွာ စသည့် ပဲခူးတိုင်းဒေသကြီး မြို့နယ်များမှ လယ်ယာလုပ်သားများ လာရောက် လုပ်ကိုင်ခဲ့ကြေကြောင်း သိရသည်။

© Eleven Media Group. All rights reserved.

ဟုတ်ကဲ့
ကျုပ်တို့တတွေ ဘာဖြစ်လို့ ကော်စန့် လုပ်ရသလဲဆိုတာ ဆရာကြီးတို့သိကြပါတယ်။ တနှစ်လုံးမိုးထဲလေထဲ ကုန်းရုန်းပြီး လယ်လုပ်ရတာဗျာ နားချင်တာပေါ့ နားလို့မရဘူးလေ အတိုး အတိုးက မနေဘူးမဟုတ်လား
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲမွဲတေမှုတဲဖျက်ရေး ဆိုလား လယ်သိမ်းရေးဆိုလား အဲဒါကလည်း ရှိတော့
အကာအကွယ်ရလိုရငြား ကော်စန့်လုပ်ရတာ နောက်ဆို ကျုပ်တို့လယ်ကွက်ထဲ စက်ရုံတွေဘာတွေဆောက်လျင် ကိုယ်လည်း ကော်စန့်တတ်ထားတော့ အလုပ်ရှာရတာလွယ်တာပေါ့ဗျာ။ ကိုယ်ထူသူလှဲ စနစ်လေ။




Source Audio from http://www.bbcburmese.com

0 comments:

Post a Comment