တခါသော် ငှက်ပစ်သမားတယောက်သည် သူထောင်ထားသောကျော့ကွင်းတခုတွင် ခါတကောင်ကိုမိနေသည်ကို တွေ့ရလေသည်။ သူသည်ခါငှက်ကိုထုတ်ယူကာ သတ်ဖြတ်မည်ပြုသည်။ ထိုအခါ ခါငှက်က
အသင်ငှက်ခတ်သမား အကျွန်ုပ်ကို မသတ်ပါနှင့်။ အကျွန်ုပ်၏အသက်ကို လွှတ်ပေးပါ။ သင်၏ကျေးဇူးကိုဆပ်ပါမည်။ အကျွန်ုပ်သည် သင်၏ထောင်ချောက်အတွင်းသို့ မြောက်များစွာသော ခါငှက်တို့သက်ဆင်းအောင် သွေးဆောင်ပါမည်
ဟုတောင်းပန်လေ၏။ ထိုစကားကိုကြားလျှင် ငှက်ခတ်သမားက
အကျွန်ုပ်သည်သင့်အား လွှတ်မပေးနိုင်ပါ။ ယခုပင်သတ်ရပါလိမ့်မည်။ သင်၏ အမျိုးပေါ်သစ္စာဖေါက်သောစကားသည် သင်၏ကြမ္မာဆိုးကိုဖန်တည်းလေပြီ
ဟုပြန်လည်ပြောလိုက်လေသတည်း။
မန်းအောင်သောင်း(ကျုံပျော်)
ကရင့်ကြေးမုံ
ကရင့်ကြေးမုံ
0 comments:
Post a Comment