+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, July 3, 2011

ဒုလ္လဘရဟန်းခံပွဲ ကျင်းပ,ခြင်း

ဆရာတော်အရှင်ဝိဇယ(Nebraska) ဆရာတော်အရှင်ယသဓမ္မ ဆရာတော်အရှင်သုန္ဒရ
(လက်ဝဲဘက်မှ လင်္ကျာဘက်သို့)
အမေရိကန်ပြည်ထောင်စု မင်ဏီစိုးတားပြည်နယ်

စိန့်ပေါမြို့ရှိ ခွဲကဘောင်ဘုန်းတော်ကြီးကျောင်းတွင်

ဒုလ္လဘရဟန်းခံပွဲ ကျင်းပ,ခြင်း

၂၀၁၁-၀၇-၀၃
By ကျော်ထွတ်တွိုင်

ယနေ့ ၂၀၁၁ခုနှစ် ဇူလိုင်လ ၃ရက် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စု မင်ဏီစိုးတားပြည်နယ် စိန့်ပေါမြို့ရှိ အမှတ်၆၀၃ မေရီလန်း ခွဲကဘောင်ဘုန်းတော်ကြီးကျောင်းတွင် ဒုလ္လဘ ရဟန်းခံပွဲတရပ် စီစဉ်ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ဆွမ်းဆန်စိမ်းလောင်းလှူနေစဉ်

အဆိုပါ ဒုလ္လဘရဟန်းခံအလှူပွဲတော်အား ခွဲကဘောင်ဘုန်းတော်ကြီးကျောင်းတွင် သတင်းသုံးလျှက်ရှိ တော်မူကြသော သံဃာတော်အရှင်မြတ်များဖြစ်ကြသည့် ဆရာတော်အရှင်ယသ ဓမ္မ၊ ဆရာတော် ဦးပဏ္ဍိတ၊ ဆရာတော် ဦးသုန္ဒရ။
ဆရာတော် ဦးသြဘာသ တို့၏သြ၀ါဒကိုခံယူပြီး စိန့်ပေါမြို့မှ ဒါယကာ ဒါယိကာမ တို့မှစုပေါင်းလှူဒါန်းကြခြင်းဖြစ် သည့်အားလျှော်စွာ မေဘယ်ဝုမြို့ သီတဂူဓမ္မ၀ိဟာရဘုန်း တော်ကြီးကျောင်းမှ ဆရာတော် ဦးတိက္ခဥာဏါ လင်္ကာရနှင့် ဏီဘရာစကာ ပြည်နယ် လင်ကွန်းမြို့ရှိ အမှတ် ၅၀၂ ဒီလမ်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးဝိဇယတို့မှလည်း ကြွရောက်အား ပေးချီးမြှင့်တော်မူခဲ့ကြကြောင်း သိရှိရပါသည်။

ဆရာတော် ဦးသုန္ဒရ ဆွမ်းဆန်စိမ်းအလှူခံယူအပြီးတွေ့ရစဉ်

ထိုအလှူမင်္ဂလာ ပွဲတော်သို့ စိန့်ပေါမြို့ရှိ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ်ရောက်ရှိ နေထိုင်လျှက်ရှိသူ ၁၀၀ကျော်ခန့်က ဆရာတော်ဦးဝိဇယဟောကြားချီးမြှင့်သည့် လူပုဂ္ဂိုလ်လေးမျိုး ဟူသည့်ခေါင်းစဉ်ပါ တရားတော်မြတ်ကိုနားကြားခဲ့ကြကြောင်းသတင်းရရှိပါသည်။
တရားနာ ဧည့်ပရိဿတ်အချို့

0 comments:

Post a Comment