ရှည်ရှည်ဝေးဝေးလည်း မပြောတတ်ဘူး။ ပြီးတော့ ဝေ့လည်ကြောင်ပတ်လည်း မပြောချင်ဘူး။ တိုတိုနဲ့လိုရင်းပြောမယ်။ သောက်ရှက်မရှိဘူးဆိုတာကို သက်သေပြနေတဲ့ မဟာဗမာစစ်အစိုးရ လုပ်ပုံကိုင်ပုံ ကတော့ တရားမဲ့ဝါဒ,ဆိုတာ ငြင်းလို့မရပါဘူး။
တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို တကယ်လိုလားတယ်ဆိုလျင် တိုင်းသူပြည်သားဖွံ့ဖြိုးတိုးတက်ဘို့ အစွမ်းကုန် ဆောင်ရွက်ရမှာက တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ အစိုးရဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အဓိကလုပ်ငန်းဆိုတာ လူပြိန်းတွေ တောင်သိကြပါတယ်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ ငြိမ်းချမ်းရေးတို့ ဒိမိုကရေစီအရေး တို့ ဆိုတာဝေးလွန်းလို့ ပြည်သူလူထုရဲ့ပညာရေးကိုတောင်မျှ ပေါ်တင်ပိတ်ပင်တားဆီးနေမှတော့ ဒီအစိုးရရဲ့စေ တနာဆိုတာက ပြည်သူလူထုကို လူစဉ်မမှီအောင်စနစ်တကျနဲ့ ရေရှည်စီမံကိန်းဆွဲပြီး ပြုလုပ်ဆောင်ရွက်နေတာ ဖြစ်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါတော့တယ်။
မင်းသားကြီးမလုပ်ရလို့ ပတ်မ,ထိုးဖေါက်ပစ်နေတာ နောက်တနည်း ကောက်ရိုးပုံစောင့်တဲ့ခွေးလို ကိုယ်ကိုယ်တိုင်က ကောက်ရိုးကိုလည်းအသုံးမချတတ်။ ကောက်ရိုးရဲ့တန်ဘိုးကိုသိပြီး အသုံးချဘို့လုပ်တဲ့ လူကိုလည်းကိုက်ဘို့ချည်း စဉ်းစားနေတဲ့ ကြံ့ဖွံ့ဆိုတဲ့အဖွဲ့အစည်းကတော့ ခွေးကျင့်ခွေးကြံ ကြံနေမှာတော့ အသေအခြာပါပဲ။
ကောင်းရောင်းကောင်းဝယ်လုပ်စားဘို့ ဗမာစစ်အစိုးရကလည်း လမ်းမဖွင့်ပေးလေတော့ ဗမာစစ်အစိုးရကိုယ်တိုင်ကလည်း ကောင်းရောင်းကောင်းဝယ်လုပ်စားတယ်ဆိုတာ ဘာများလဲ ဆိုတာကို မသိလေတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ နိုင်ငံဖြစ်နေတာ မဆန်းပါဘူးလေ။
နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ လေသံမာပြနေပေမယ့် မျက်နှာချိုသွေးနေရလို့ ခင်ဗျားတို့ကိုယ်တိုင် ကရင်ပြည်နယ်က ခလောက်နို့နွားလို ဖြစ်နေပါပေါ့လား ဗမာစစ်အစိုးရ။
ဟိုးတချိန်တုန်းက ထိုင်းနိုင်ငံနယ်စပ်မှာ မှောင်ခိုဈေးကွက်တွေ ခေတ်ကောင်းနေချိန်ပေါ့ဗျာ။ နွားပွဲစားတွေဆို တာပျားပန်းခတ် စည်ကားနေတဲ့ ကာလ။
ခလောက်နို့နွားတကောင်ကို နယ်စပ်မှာသွားရောင်းဘို့လုပ်တော့ နွားပွဲစားတွေက ပါးစပ်ကိုအတင်းဖြဲပြီး သွားတွေကို ကြည့်သတဲ့။ နောက်ဆုံးတော့ ခလောက်နို့ရွာက နွားခမျာ အကျင့်ပါသွားပြီး အချိန်ပြည့် သွားဖြည်း နေပါရောတဲ့။
Source Audio from http://www.bbcburmese.com
0 comments:
Post a Comment