+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, September 4, 2011

လက်နက်ဖိုး မြန်မာစစ်အစိုးရ ဆန်နဲ့ ပေးချေ

Source Photo from http://www.google.com/images
မြောက်ကိုရီးယားလက်နက်ဖိုး မြန်မာစစ်အစိုးရ

ဆန်နဲ့ ပေးချေခဲ့ကြောင်း Wikileaks ဖော်ပြ
2011-09-04

နောက်ဆုံးထွက်ပေါ်လာတဲ့ Wikileaks အင်တာနက်စာမျက်နှာက အမေရိကန်အစိုးရ သံရုံး သတင်း ပေးပို့ချက်များထဲမှာ ၂ဝဝ၆ ခုနှစ်က မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရတို့ဟာ လက်နက်အရောင်းအဝယ် ရှိခဲ့ပြီး ဒီအရောင်းအဝယ်အတွက် မြန်မာဘက်က ဆန်နဲ့ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုရီးယားထုတ် Arirang ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ သံရုံးအစီရင်ခံစာမှာ နောက်ပိုင်း သံရုံးကြေးနန်းစာတွေအရ မြန်မာဘက်က ဆန်တန်ချိန် ၂ သောင်းကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လအကြား မြောက်ကိုရီးယားကို လက်နက်ဖိုးအတွက် ပေးချေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းမှာပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ၂ဝဝ၆ ခုနှစ်က အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယား အကြား သဘောထား ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂ဝဝ၆ ခုနှစ် ဇူလိုင်လက မြောက်ကိုရီးယားက တေပိုဒေါင်း-၂ ဒုံးပျံ စမ်းသပ်အပြီး အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ ယိုမူးယွန် အစိုးရနဲ့ အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူဘုရှ် အစိုးရတို့အကြား မြောက်ကိုရီးယားကို ချဉ်းကပ်မှုအပေါ် သဘောထား ကွဲခဲ့တယ်လို့ ဆိုပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.



Source Audio from
http://www.voanews.com/burmese/news/wikileaks-myanmar-north-korea-129255618.html



Source Photo from http://www.google.com/images

ငါ့မြေးတို့

ထမင်းကို ဆားဖြူးပြီးစားနေကြတာ မြိန်ရည်ယှက်ရည်ရှိလိုက်တာ။

ဒီခေတ်မှာ မင်းတို့လေးတွေလူလာဖြစ်ရလို့ အားမငယ်ပါနဲ့။
မဟာဗမာစစ်အစိုးရက ပြုပြင်ပြောင်းလွဲမှုတွေလုပ်နေပြီ ဒါကြောင့်ငါ့မြေးတို့ ထမင်းနပ်မှန်အောင် စားရတော့မှာ
အခုမင်းတို့ စားနေကြတဲ့ ပုံစံအတိုင်းလေးဆိုပါတော့။

ဘာကြောင့်လဲဆိုတော့ သူပုန်တွေကိုကျတော့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်ဆိုပြီး လက်နက်တွေသိမ်းတယ်
မဟာဗမာစစ်အစိုးရကျတော့ လက်နက်နဲ့ဆန်နဲ့လဲတယ်လေ။

ဒါကြောင့် ငါ့မြေးတို့ခေတ်ရောက်လျင် လက်နက်တိုက်ကြီးအပ်ထားခဲ့မှာ။
ငါ့မြေးတို့ဆာလာလျင် ကျည်ဆံတွေကို လှော်စား။
လက်ပစ်ဗုံးတွေကို မီးဖုတ်။
ဒုံးကျည်တွေကို မီးကင်။
အဲဒီလိုအတွေးအခေါ်မျိုးတွေရောက်သွားတဲ့အထိ အာဟာရကိုလည်း ဖြတ်တောက်ထားတယ်။ သူတို့သားစဉ်မြေးဆက်အာဏာမြဲနေဘို့အတွက် အခမဲ့ကျောင်းတွေကို လိုက်ပိတ်ပစ်တယ်။

ငါ့မြေးတို့စာတတ်သွားလျင် သူတို့အုပ်ချုပ်ချင်သလို အုပ်ချုပ်လို့မရတော့ဘူးဆိုတာ သိနေလို့ပေါ့။
ကဲ မြေးတို့ရေ မြန်မြန်လေးစားကြဟေ့ ခဏနေလျင် အမှိုက်ကားလာတော့မှာ။
မနက်ဖြန်အတွက် ဆန်အကြွေးနဲ့ယူလို့ရအောင် ဒီနေ့စာအတွက် အမှိုက်ကောက်ရမယ်မဟုတ်လား။

ဟော ပြောရင်းဆိုရင်း အမှိုက်ကားလာနေပြီ။
သွားကြစို့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment