A Huge explosion and some gunshots have been reported near the Afghan presidential palacein the capital city of Kabul.
Source Photo from http://www.presstv.ir/
အာဖဂန် သမ္မတ အိမ်တော်
ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ခံခဲ့ရ
27 September, 2011ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ခံခဲ့ရ
အာဖဂန် နစ္စတန် နိုင်ငံမြို့တော် ကာဘူး(လ်)ရှိ သမ္မတ အိမ်တော် အနီးမှာ ကြီးမားတဲ့ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ(၃)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိ ရပါတယ်။ အဆိုပါ ပေါက်ကွဲမှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သမ္မတ အိမ်တော်ကို ပစ်မှတ်ထားကာ ဒုံးကျည်နဲ့ ပစ်လွှတ် ခဲ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်မှုတွေပါ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းဌာနတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
သီးခြားဖြစ်စဉ် တစ်ရပ်အနေနဲ့ မြို့တော် ကာဘူးလ်ရှိ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ စီအိုင်အေမှ အသုံးပြုနေတဲ့ အမေရိကန် သံရုံး ၀င်းအတွင်းရှိ အာရီယာနာ ဟိုတယ် အတွင်းမှ ထွက်ပေါ် လာခဲ့တာ ဖြစ်တယ်လို့ အာဖဂန် ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား ခဲ့ပါတယ်။ ၀ါရှင်တန်မှ အမေရိကန် အာဏာပိုင်တွေကတော့ အဆိုပါ အဆောက်အဦမှာ တိုက်ခိုက် မှုတွေ ဖြစ်ပွား ခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့ပေမယ့် ကာဘူးလ်မှ စီအိုင်အေနဲ့ အမေရိကန် သံရုံးမှ အရာရှိတွေကတော့ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒီတိုက်ခိုက် မှုဟာ ကာဘူးလ် မြို့ရှိ အမေရိကန် သံရုံးနဲ့ နေတိုး စစ်ဌာနချုပ်တို့ တိုက်ခိုက် ခံခဲ့ရပြီး (၂)ပတ် အကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
Credit http://www.mrtv4.net.mm/news


0 comments:
Post a Comment