+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, October 9, 2011

ကြမ်းပိုးသတ်ဆေး အန္တရာယ်

Source Photo from http://www.google.com/images
ကြမ်းပိုးကိုက်ခံရမှုမှ ကာကွယ်ရန်

ပိုးသတ်ဆေးသုံးခြင်းကပိုအန္တရာယ်များကြောင်း

သိပ္ပံပညာရှင်များလေ့လာတွေ့ရှိ

ကြမ်းပိုးများသောင်းကျန်းလာရာတွင် ကြမ်းပိုးကိုက်ခံရသည်ထက် ကြမ်းပိုးသောင်းကျန်းမှုအပေါ် စိတ်ထိန်းမနိုင် သိမ်းမရ ဖြစ်မှုကပို၍ အန္တရာယ်များသည်ကိုယနေ့ သိပ္ပံပညာရှင်များလေ့လာတွေ့ရှိရသည်။ ကြမ်းပိုးအကြောက်လွန်၍ ပိုးသတ်ဆေးများမဆင်မခြင် သုံးစွဲကြမှုများကြောင့်လူ ၁၀၀ ခန့် ဖျားနာခဲ့ရပြီးအသက် (၆၅)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးခဲ့ရကြောင်း ကျွမ်းကျင်သူများကစက်တင်ဘာ ၂၂ ရက်ကထုတ်ဖော် ပြောဆိုခဲ့ကြသည်။
Source Photo from http://www.google.com/images

ကြမ်းပိုးအကိုက်မခံရရန် ပိုးသတ်ဆေးများအားမဆင်မခြင် သုံးစွဲမှုသည် ကူးစက်ရောဂါ မပေးသော ကြမ်းပိုးကိုက်ခံရသည်ထက် ပို၍ အန္တရာယ်များကြောင်းကိုလွန်ခဲ့သောရှစ်နှစ် ကတည်းကလူအများအားသတိပေးအချက်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ကြမ်းပိုးကိုက်မည်စိုး၍ ကာကွယ်မှု ပြုလုပ်ကြရာတွင် ပိုးသတ်ဆေးအသုံးပြုမှု ပါဝင်ကြောင်း၊ မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်မှ မစ္စစ်လိုင်လာဂရေးသည် ကြမ်းပိုးကိုက်ခံရ၍ တစ်အိမ်လုံးပိုးသတ်ဆေးများဖျန်းခဲ့ပြီး ၎င်း၏ ကိုယ်ခန္ဓာပေါ်တွင်လည်း ကြမ်းပိုးသတ်ဆေး Hot Shot Bedbug ဆေးများခေါင်းပေါ်မှ ဆံပင်ပါမကျန် လိမ်းကျံခဲ့ကြောင်း၊ အသက်ရှူခက်ခဲမှု ရောဂါရှိနေသောမစ္စစ်ဂရေးသည် ဆေးရုံတင်ရပြီးအသက်ရှူ အကူစက်ပေးထားရာ ၂၀၁၀ မေ ၂၆ ရက်ကသေဆုံးသွားခဲ့ကြောင်းသိရသည်။
Source Photo from http://www.google.com/images

ကြမ်းပိုးများ ပြန့်ပွားခြင်းမှာပိုးသတ်ဆေးယဉ်ပါးနေမှုနှင့် လူအများကမ္ဘာလှည့် ခရီးသွားနေရာမှ စတင်ဖြစ်ကြောင်းလည်းသိရသည်။ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ခုနစ်ခုမှ လူ ၁၁၁ ဦးပိုးသတ်ဆေးအလွန်အကျွံသုံး၍ ဖျားနာဆေးရုံတက်ရကြောင်း၊ ၆၄ ဦးမှာနယူးယောက်မှ ဖြစ်ကြောင်းသိရသည်။

နယူးယောက်မြို့တော်တွင် ကြမ်းပိုးကိုက်ခံရ၍ မူးဝေအော့အန် ဆေးရုံရောက်သူ ၆၄ ဦးရှိကြောင်းသိရသည်။

ကြမ်းပိုးကိုက်ခံရ၍ အဆိပ်အတောက်ဖြစ်ရခြင်းတွင် ပိုးသတ်ဆေးအလွန်အကျွံ သုံးစွဲခြင်း၊ ပိုးသတ်ဆေးဖျန်းထားသောစောင်၊ အိပ်ရာခင်းစသည်တို့အားလျှော်ဖွပ်ခြင်းမရှိခဲ့ခြင်းနှင့် ဆေးဖျန်းထားသည်ကိုအိမ်သားအားလုံးသိရှိရန် အသိပေးမထားခြင်းတို့ဖြစ်ကြောင်းသိရသည်။

Credit http://www.hin4ooe.com

0 comments:

Post a Comment