+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 8, 2011

အရေးပေါ်အတွက် ဆန်တန်ချိန် (၇၉၀၀၀၀)ခန့် သိုလှောင်မည်


အာရှ နိုင်ငံများတွင် အရေးပေါ်အခြေအနေများအတွက်

အရန်ဆန်များသိုလှောင်ထားရှိမည်
8 Oct, 2011

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အရှေ့တောင် အာရှနိုင်ငံတွေဟာ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်ပြီး နောက်မှ စားနပ်ရိက္ခာ ပြတ်တောက်မှုကို ရင်ဆိုင်နိုင်ဖို့အတွက် အရံဆန်တွေ သိုလှောင်ထားဖို့ သဘောတူ ကြမယ်လို့ မျှော်လင့် ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကတာမြို့မှ ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုပါ နိုင်ငံများမှ လယ် ယာ စိုက်ပျိုးရေး ၀န်ကြီးများ အစည်းအဝေးမှာ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးကို အဓိက ထား ဆွေးနွေး ခဲ့ကြပါတယ်။

အဲ့ဒီလို တစ်နိုင်ငံချင်းမှာ အရေးပေါ် အရံဆန်တွေ သိုလှောင် ထားရှိမယ့်အပြင် စားနပ်ရိက္ခာ လိုအပ်နေတဲ့ နိုင်ငံတွေ ကိုလည်း စားနပ် ရိက္ခာတွေ ပူးပေါင်း ထောက်ပံ့ပေးဖို့ သဘောတူညီကြမယ်လို့ မျှော်လင့် ရပါတယ်။ အဲ့ဒီလို တစ်နိုင်ငံချင်းစီက ထားရှိ သိုလှောင်ရမယ့် အရံဆန် ပမာဏကို သတ်မှတ်ဖို့ အတွက် နောက်ဆုံး သတောတူညီမှု ရရှိလျက်ရှိပြီး ဂျပန်နိုင်ငံက ဆန်တန်ချိန် (၂၅၀၀၀၀)နဲ့ တရုတ်နို င်ငံဟာ တန်ချိန် (၃၀၀၀၀၀) သိုလှောင် ထားရှိမှာ ဖြစ်ပါတယ်။

ဒေသတွင်း နိုင်ငံအားလုံးက သိုလှောင်ထားမယ့် ဆန်ပမာဏဟာ တန်ချိန် (၇၉၀၀၀၀)ခန့် ရှိမှာဖြစ်ပြီး လူဦးရေ (၁၃)သန်းကို တစ်နှစ်ကြာ ကျွေးမွေး ထားနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ အခုလို အာရှ ဒေသတွင်း နိုင်ငံပေါင်းစုံက ပါဝင်ဆောင် ရွက်မယ့် လုပ်ငန်း စဉ်ဟာ နိုင်ငံတကာမှာ တွေ့ရခဲတဲ့ ကိစ္စတစ်ခု ဖြစ်ကြောင်း ဂျပန် လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။ အဲ့ဒီလို အရေးပေါ်အရံဆန် ထားရှိမယ့် အစီအစဉ်အတွက် သဘောတူညီချက်ကို မကြာခင်မှာ လက်မှတ် ရေးထိုးကြမယ်လို့ သိရပါတယ်။

Credit http://www.mrtv4.net.mm/news

0 comments:

Post a Comment