+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, November 10, 2011

အမေရိကန် စစ်တပ် အဖွဲ့ခေါင်းဆောင် အာဖဂန် စစ်ပွဲတွင် လူသတ်မှု ကျူးလွန်ခဲ့

Billings, Montana: 
Sgt. Calvin Gibbs called to say he did not kill Afghan civilians for the thrill of killing. Nor did he toss severed fingers at the feet of his fellow soldiers to scare them into silence. 
Read more at:
http://www.ndtv.com/article/world/the-young-us-soldier-both-loved-and-hated-57019&cp

အမေရိကန်စစ်တပ် အဖွဲ့ခေါင်းဆောင် 

အာဖဂန်စစ်ပွဲတွင် လူသတ်မှုကျူးလွန်ခဲ့

11 Nov, 2011

အမေရိကန် နိုင်ငံရှိ စစ်တရားရုံး တစ်ခုမှာ အာဖဂန်စစ်ပွဲ အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန် စစ်သည် တစ်ဦးအား လူသတ်မှု သုံးခုတွင် ဦးဆောင်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ယင်းစစ်သည်မှာ ထိုစဉ်က Kill team ခေါ် လူသတ် တပ်ဖွဲ့၏ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

တပ်ကြပ်ကြီး Calvin Gibbs မှာ ပြစ်မှု ၁၅ ခုဖြင့် လက်နက် မပါသူ လူသုံးဦးအား သတ်ဖြတ်မှုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၆ နှစ် အရွယ်ရှိပြီ ဖြစ်သည့် Calvin Gibbs မှာ ၎င်းအနေဖြင့် ရန်သူ အလောင်းများမှ လက်ချောင်းများကို ဖြတ်ပြီး သိမ်းဆည်းခဲ့ကြောင်း ဝန်ခံလိုက်သော်လည်း ၎င်းအနေဖြင့် တစ်ဖက်ရန်သူမှ ပစ်ခတ်၍သာ ပြန်လည် ပစ်ခတ်ရခြင်း ဖြစ်သည် ဟု ပြောကြားခဲ့ကာ လူသတ်မှု ကျူးလွန်ခဲ့ခြင်း မဟုတ်ဟု ငြင်းဆိုထားသည်။

ယခုအမှုတွင် ပါဝင်ခဲ့သူ ငါးဦး အနက်သုံးဦးမှာ အပြစ်ရှိကြောင်း ဝန်ခံထားပြီး နှစ်ဦးမှာ ငြင်းချက် ထုတ်ထားကြောင်း သိရသည်။ Calvin Gibbs မှာယခုလို ပြစ်မှုများ ကျူးလွန်မှုတွင် အဆင့်အမြင့်ဆုံး စစ်သည်တစ်ဦးလည်း ဖြစ်သည်။

အစိုးရရှေ့နေများမှ ပြောရာ၌ Calvin Gibbs နှင့် ၎င်း၏ အဖွဲ့မှ စစ်သည်များမှာ အဆိုပါ အရပ်သားများကို စစ်သားများအသွင် ဖြစ်စေရန်အတွက် သေဆုံးပြီး နောက်တွင် ၎င်းတို့ ကိုယ်ပေါ်၌ သေနတ်များ တင်ထားခဲ့ကြောင်းလည်း ပြောခဲ့သည်။ ယခုလိုပြစ်မှုကြောင့် ၎င်းအနေဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ခံစားရမည် ဖြစ်ကြောင်းလည်း သိရသည်။

source : BBC news

Credit http://www.mrtv4.net.mm

0 comments:

Post a Comment