Source Photo from http://www.google.com/images
ကမ္ဘာ့ အပေါ့ပါးဆုံးပစ္စည်းတစ်မျိုးအား
အမေရိကန်အင်ဂျင်နီယာများ ပြသ
19 Nov, 2011ကမ္ဘာ့ အပေါ့ပါးဆုံး ပစ္စည်း တစ်မျိုးကို တီထွင်ပြုလုပ် လိုက်နိုင်ပြီ ဖြစ်သည်ဟု အမေရိကန် အင်ဂျင်နီယာအဖွဲ့
တစ်ခုမှ ထုတ်ပြန်ပြောကြား လိုက်သည်။ အဆိုပါ အရာဝတ္ထု မှာ သေးငယ်သည့် သတ္တုပြွန် ငယ်များဖြင့် ပြုလုပ်
ထားပြီး အလွန် သေးငယ်သည့် ရာဇမတ်ကွက် သဏ္ဍာန်ပုံစံ ဖန်တီးထားကာ ယင်းပြွန်များ အကြားတွင် သေးငယ် သည့် လေပေါက်လေးများ ပါဝင်ကြောင်းသိရသည်။
သုတေသန ပညာရှင်များ၏ အပြောအရ အဆိုပါ ပစ္စည်းမှာ အပူထိန်း ဖော့ဖြူ ထက် အဆ ၁၀၀ ပိုမို
ပေါ့ပါးကာ ယင်းအထဲတွင် အလွန် မြင့်မားသည့် စွမ်းအင် စုပ်ယူနိုင်စွမ်း ရှိသည့် ပစ္စည်းများ ပါဝင်ကြောင်း
လည်းသိရသည်။
ယခုပစ္စည်းကို အနာဂတ်တွင် ထွက်ပေါ်လာမည့် ဘက်ထရီနှင့် ရှော့အိတ်ဇောဗား များတွင် အသုံးပြုနိုင်ရန် အလားအလာ ရှိကြောင်းလည်း သိရသည်။ အဆိုပါ သုတေသနကို ကယ်လီဖိုးနီးယား တက္ကသိုလ် နှင့်
ကယ်လီဖိုးနီးယား နည်းပညာ သိပ္ပံတွင် စမ်းသပ်တီထွင် ခဲ့ခြင်းဖြစ်ကာ သိပ္ပံဂျာနယ် နောက်ဆုံးထွက် စာစောင်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယခု ပစ္စည်း ထုတ်လုပ်ရန် အတွက် အဓိက လှည့်ကွက်မှာ ရာဇမတ်ကွက် ပုံအချင်းချင်း ဆက်သွယ်ထားသည့် လူသားတို့၏ ဆံပင်ထက် အဆ တစ်ထောင်ကျော်ခန့် သေးငယ်သော သတ္တု အခေါင်းငယ်လေးများကို ပြုလုပ် ရခြင်းပင် ဖြစ်သည်ဟု အဆိုပါ သုတေသနကို ဦးဆောင် ပြုလုပ်ခဲ့သူ ဒေါက်တာ Tobias Schaedler မှပြောကြား သွားခဲ့သည်။
ဒေါက်တာ Tobias Schaedler
Source Photo from http://www.google.com/images
Credit http://www.mrtv4.net.mm
0 comments:
Post a Comment