တရားသူကြီး Michael Pastor 
Source Photo from http://www.inquisitr.com 
Conrad Murray ထံမှ နစ်နာကြေးဒေါ်လာသန်း၁၀၀ 
ရလိုကြောင်း စွဲဆိုသူများမှပြော 
25 Nov, 2011
အဆိုရှင် မိုက်ကယ်ဂျက်ဆင် သေဆုံးမှုနှင့် ပတ်သက်ပြီး ၎င်း၏ ဆရာဝန်ဖြစ်သူ Conrad Murray အား နစ်နာကြေးအဖြစ် မိုက်ကယ်၏ ကလေးငယ်များကို ဒေါ်လာ သန်းတစ်ရာကျော် ပေးဆောင်စေလိုကြောင်း ခရိုင်ရှေ့နေမျာမှ တရားသူကြီး Michael Pastor သို့ ဦးတိုက် လျှောက်ထားခဲ့ကြောင်း သိရသည်။
တရားရုံးသို့ အသစ်တင်သွင်းသည့် တောင်ဆိုချက် တစ်ရပ်တွင် မိုက်ကယ်ဂျက်ဆင်၏ ကလေးများအနေဖြင့်
သေဆုံးသူ မိုက်ကယ်အတွက် ခံစားခဲ့ရသည်များအတွက် နစ်နာကြေး လျော်ကြေးငွေကို ယခုလို တောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။
ဥပဒေအရ မိုက်ကယ်၏ ကလေး ငယ် သုံးဦးမှာ ဒေါက်တာ Murray ထံမှ သေဆုံးရာတွင် ကုန်ကျခဲ့သည့် အသုံးစရိတ်များ ၊ အမြတ်အစွန်း လျော့ကျရမှုများ နှင့် အခြား အသုံးစရိတ်များအတွက် ငွေကြေး ပြန်လည် ရရှိသင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ မိုက်ကယ်ဂျက်ဆယ်၏ မိသားစု အပြောအရ This Is It ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါက ဒေါ်လာ သန်း ၁၀၀ ခန့် ဝင်ငွေ ရရှိနိုင်ကြောင်း လည်း ခန့်မှန်းထားကြောင်း
သိရသည်။
ယခုလို ပြစ်မှုအတွက် Murray အား အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် လေးနှစ် တာ ထောင်ဒဏ်ကို ချမှတ်စေလိုကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ၎င်းအနေဖြင့် ညတိုင်းတွင် မိုက်ကယ်၏ အသက်ကို ခြိမ်းခြောက်စေ သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အတွက် ဖြစ်ကြော င်းနှင့် ၎င်း၏ အပြစ်ကို ကွယ်ဝှက်ထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အစိုးရ ရှေ့နေများ မှ ပြောကြားသွားခဲ့သည်။
Source Photo from http://www.tmz.com
source : TMZ
Credit http://www.mrtv4.net.mm/news




0 comments:
Post a Comment