+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 2, 2011

ဦးရွှေမန်းမပြောဖြစ်လိုက်သည့် ပြောချင်သည့်စကားများ


ဦးရွှေမန်းမပြောဖြစ်လိုက်သည့်

ပြောချင်နေသောစကားများ 

သီချင်းတပုဒ်ရှိခဲ့ဘူးတယ် စကားပြောကောင်းတဲ့ မသည်းအူ ဆိုတာလေ။
မြန်မာ့အသံ ဓါတ်ပြားရသီချင်းပေါ့။ 
စာရေးဆရာကြီးမောင်သာရ ၀တ္ထု ဖြစ်တဲ့ ထဘီကျွတ်၍ လွှတ်လိုက်မည်ဆိုတာကို 
စကားပြောကောင်းတဲ့ မသည်းအူ ဆိုတဲ့ ဇာတ်ကားမှာ အဲဒီသီချင်းကို ဆိုထားတာ။

 ကောင်းကောင်းတော့မမှတ်မိဘူး။ 
ဝ လုံးကို သုည(သုံည)လို့ပြောလိုပြော၊ သုညကိုပဲခုချက်ခြင်း လမင်းလို့ ဆိုလိုဆို အဲဒီလို မိန်းကလေးမျိုးက ပင်လယ်ထဲမှာရေရှိတယ်လို့ ပြောလျင်တောင် အသေအခြာ သွားကြည့်ပြီးမှ ယုံတော့မယ် မသည်းအူရယ်တဲ့။ 
အခုတော့ အပြောကတော့ ရွှေမန်း ပေါ့။ 
ကတော့ ချိုမိုင်မိုင် ချိုတေ့ ချိုတေ့ ဖြစ်သွားမလားတော့ မသိဘူး။ 

0 comments:

Post a Comment