+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, December 12, 2011

စပိုင် ဂြိုဟ်တုသစ်တစ်စင်း ဂျပန်လွှတ်တင်

An H-2A rocket carrying a radar satellite lifts off from 
the Tanegashima Space Center in Tanegashima, Kagoshima Prefecture, 
on Monday morning. AFP 
Source Photo from http://www.japantoday.com 

စပိုင် ဂြိုဟ်တုသစ်တစ်စင်း ဂျပန်လွှတ်တင် 

12 Dec, 2011

တိုကျို ။ ။ တနင်္လာနေ့က ဂျပန်နိုင်ငံမှာ၎င်းတို့၏ သူလျှို ဂြိုဟ်တုသစ်တစ်လုံးကို အာကာသသို့ လွှတ်တင်လိုက်ကြောင်းသိရပြီး မြောက်ကိုရီးယား၏ ဒုံးပျံ အစီအစဉ်နှင့်ပတ်သက်ပြီး စိုးရိမ်စိတ်များ တိုးလာရခြင်းကို စောင့်ကြည့်ရန်နှင့် သဘာဝဘေးအန္တရာယ်များကို စောင့်ကြည့်ရန် အတွက်ဖြစ်ကြောင်းလည်း သိရသည်။

ဂျပန်ပိုင် H-2A ဒုံးပျံဖြင့် သယ်ဆောင်သွားသည့် အဆိုပါ သတင်းအချက်အလက် စုဆောင်းရေး ရေဒါမှာ ဒေသ စံတော် ချိန် နံနက် ၁၀ နာရီ ၂၁ မိနစ်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံအနောက်တောင်ပိုင်း Tanegashima အာကာသ လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများမှ ပြောကြားခဲ့သည်။

အစိုးရ၏ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားနိုင်ငံမှ လွန်ခဲ့သည့် ၁၉၉၈ ခုနှစ်အတွင်း ဂျပန် ကျွန်းစွယ်သို့ ဒုံးပျံလွတ်တင်ခဲ့ပြီးနောက် ယခုလို သူလျှို ဂြိုဟ်တုသစ်ကို လွှတ်တင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာမှ ဖိအားများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင် သည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံမှာ အဆင့်သုံးဆင့်ရှိ Taepodong-2 ဒုံးပျံကို လွန်ခဲ့သည့် ဧပြီလ ၂၀၀၉ ခုနှစ်တွင် ပစ်လွတ်ခဲ့ပြီး စုစုပေါင်း မိုင် ၄၁၀၀ ရောက်ရှိနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
 ယခုလို လွှတ်တင်ခြင်းနှင့် ပတ်သက်ပြီး လုံခြုံရေး အရ အစိုးရအနေဖြင့် အသေးစိတ် ထုတ်ဖော်ပြောကြားရန် ငြင်းဆန်လိုက်ကြောင်းလည်း သိရသည်။

ဂျပန်နိုင်ငံမှာ လွန်ခဲ့သည့် မတ်လ ၁၁ ရက် ဆူနာမီဖြစ်ပွားပြီး နောက်ပိုင်းတွင် ဒေသတွင်း မြေပြင်အချက်အ
လက်များကို စောင့်ကြည့်နိုင်မည့် ဂြိုဟ်တုတစ်ခု လွှတ်တင်နိုင်ရန် အတွက် စိုင်းပြင်းနေပြီး ယခုမှသာ လွှတ်တင် လိုက်နိုင်ခြင်း ဖြစ်သည်။

source : channelnewsasia

Credit http://www.mrtv4.net.mm

Taepodong-2 rocket is seen being launched from the North Korean 
rocket launch facility in Musudan Ri on April 5, 2009 Photo: REUTERS 

Source Photo from http://www.telegraph.co.uk/news

0 comments:

Post a Comment